Thursday, January 19, 2012

မြန်မာအစိုးရနှင့် ကရင်သူပုန်တပ်ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း

သတင်းဌာန..The Nation  ဇန်န၀ါရီ ၁၃
          မြန်မာအစိုးရသည် ထင်ရှားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနှင့် ဆယ်စုနှစ် များစွာကြာ တိုက်ခိုက်ပြီးနောက် ယမန်နေ့က သမိုင်းတွင်မည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အား လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ အဆိုပါဖြစ်ရပ်သည် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်ရပ်များမှ နောက်ဆုံးတစ်ခုလည်း ဖြစ်ပါသည်။

          

               နေပြည်တော်မှ ကိုယ်စားလှယ်ဝန်ကြီးများနှင့် KNU၏၀ါရင့်အဖွဲ့ဝင်များသည် ကရင်ပြည်နယ်၏ မြို့တော်ဘားအံတွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။ အစိုးရနှင့် KNU တို့၏ပဋိပက္ခမှာ ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်ခဲ့ပါသည်။
          ကျွန်ုပ်တို့ ညီအကိုများသည် နှစ်ပေါင်း(၆၃)နှစ်ကြာ အချင်းချင်းတိုက်ခိုက်ခဲ့ရကြောင်း သမ္မတကြီးက ပြောကြားပါသည်။ သမ္မတကြီးက KNU အဖွဲ့အား မည်သည့်အရာများလိုချင်သည်ကို မေးမြန်းခိုင်း လိုက်ကြောင်း၊ထို့ကြောင့် ကျွန်ုပ်တို့ ဒီနေရာရောက်နေရခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတ်ငရေးဝန်ကြီး ဦးခင်ရီက သဘောတူညီချက်အား လက်မှတ်ရေးမရေးထိုးမီ သတင်းထောင်များအား ပြောကြားခဲ့ပါသည်။
          ရာစုနှစ်များစွာ စစ်တပ်အုပ်ချုပ်ရေးများ လွန်မြောက်ပြီးနောက် စစ်တပ်မှ လွှမ်းမိုးထားသော အစိုးရ သည် မတ်လ၌ အာဏာရရှိလာပြီး ပြုပြင်ပြောင်းလဲရေး၏တစ်စိတ်တစ်ဒေသအဖြစ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ကမ်းလှမ်းခဲ့ပါသည်။
          ပြည်တွင်းစစ်သည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှအစပြု၍ နိုင်ငံအားဖမ်းစားထားခဲ့ပြီး ပဋိပက္ခ များအဆုံးသတ်ရေး အစိုးရတပ်ဖွဲ့များမှ လူ့အခွင့်အရေးချိုးဖောက်ခြင်းတို့အား ရပ်စဲရေးတို့သည် နိုင်ငံတကာအဖွဲ့အစည်းများ၏ အဓိကလိုလားချက်များဖြစ်ပါသည်။
          KNUခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်မှူးချုပ်ဂျော်နီက အစိုးရနှင့်ပြောကြားစဉ်အတွင်း အကောင်းမြင်ဝါဒအား ရှေရှုဖော်ပြခဲ့ပါသည်။
          ``ဒီတစ်ကြိမ်မှာတော့ သူတို့ဘက်က ကျွန်တော်တို့လက်နက်တွေစွန့်လွှတ်ဖို့ မတောင်းဆိုပါဘူး။ တိုင်းရင်းသားအဖွဲ့တွေနှင့် တန်းတူအလုပ်လုပ်ဖို့ဘဲ လိုလားခဲ့တာပါ။ ဒီတစ်ခါတော့ သူတို့ကို ယုံပါတယ်`` ဟု ၄င်းကပြောကြားခဲ့ပါသည်။
          သို့သော် မိမိတို့သည် နှစ်ပေါင်း(၆၀)ကျော်တိုက်တိုက်ခဲ့ကြပြီးဖြစ်ကြောင်း၊ တစ်ကြိမ်တစ်ခါ တွေ့ဆုံရုံဖြင့် အဆုံးသတ်လိမ့်မည်မဟုတ်ကြောင်း သူကဖြည့်စွက်ပြောကြားခဲ့ပါသည်။
          ကရင်ပြည်နယ်မှ ရွာသူရွာသားအများအပြားသည် သက်တမ်းအရှည်ဆုံးသောင်းကျန်းမှု အရေး အခင်းကြီးအတွင်း ထွက်ပြေးခဲ့ကြရပြီး ထောင်ပေါင်းများစွာမှာ ထိုင်းနယ်နိမိတ်အား ဖြတ်ကျော်ကာ ဒုက္ခသည်စခန်းများ၌ နေထိုင်ခဲ့ကြရပါသည်။
          အစိုးရ၏ တန်ပြန်သောင်းကျန်းမှုနှိမ်နင်းရေးလှုပ်ရှားမှုများအတွင်း၌ အရပ်သားများအား တမင်ပစ် မှတ်ထားခြင်း၊ နေအိမ်များမှ အတင်းအကျပ်နှင်ထုတ်ခြင်း၊ ရွာများအား ဖျက်ဆီးခြင်းနှင့် စစ်တပ်အတွင်း မတရားလုပ်အားပေးစေခိုင်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း လူ့အခွင့်အရေးအဖွဲ့များမှ ပြောကြားခဲ့ပါသည်။
          ဒီဇင်ဘာလအတွင်း ဒေသခံအစိုးရနှင့် ရှမ်းပြည်တပ်မတော် SSA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီး ရှမ်းပြည်နယ်အရှေ့မြောက်ဒေသရှိအဖွဲ့အစည်းများနှင့်လည်း သဘောတူညီမှုရရှိခဲ့ ကြသည်။လူ့အခွင့်အရေးနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန်အတွက် ကာလကြာရှည်စွာတိုက်ခိုက်ခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးနှင့် ထိုင်း-မြန်မာနယ်စပ်အနီးတွင် ဆွေးနွေးခဲ့ကြပါသည်။
          မြန်မာနိုင်ငံမှ ယခင်အုပ်ချုပ်ခဲ့ကြသော ဗိုလ်ချုပ်ကြီးများသည် လူဦးရေ၏သုံးပုံတစ်ပုံရှိသော တိုင်းရင်းသားလူနည်းစုများအပေါ်တွင် တည်ငြိမ်အေးချမ်းရန်နှင့် နိုင်ငံစုစည်းရန်အတွက် တင်းကြပ်သော စည်းမျဉ်းများအသုံးပြု၍ အုပ်ချုပ်ခဲ့ကြပါသည်။
          ထင်ရှားသောတိုင်းရင်းသားသူပုန်အဖွဲ့ဖြစ်သည် KNUအဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီနိုင်ခဲ့သော် လည်း အခြားအဖွဲ့များကိစ္စ၌ စိုးရိမ်ပူပန်နေရဆဲဖြစ်ပါသည်။
          မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၌ အစိုးရတပ်ဖွဲ့များနှင့်သူပုန်တို့အကြား ပြီးခဲ့သည့်နှစ် ဇွန်လ မှ စတင်၍ တိုက်ပွဲများ တိုက်ခိုက်နေမှုကြောင့် လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပါသည်။
          သမ္မတဦးသိန်းစိန် က စစ်တပ်အား စစ်ဆင်ရေးများ ရပ်ဆိုင်းရန်ညွှန်ကြားခဲ့သော်လည်း ပဋိပက္ခများ မှာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း နိုင်ငံတကာဒုက္ခသည်များအရေးလှုပ်ရှားမှုအဖွဲ့၏ ပြောကြားချက် အရ သိရှိရပါသည်။
အစိုးရသစ်အာဏာရရှိခဲ့ချိန်မှစ၍ အခြားကတိပေးထားသောကိစ္စများတွင် ဧပြီလ၌ ကြားဖြတ်ရွေး ကောက်ပွဲဝင်မည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ဆွေးနွေးခြင်း၊ လူအများကန့်ကွက် သော တရုတ်ကုမ္ပဏီ၏ မြစ်ဆုံစီမံကိန်းအား ရပ်တန့်ခြင်းတို့ ပါဝင်ပါသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် အရေးယူပိတ်ဆို့မှုများအား မရုပ်သိမ်းမီ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေးတို့အား တောင်းဆိုခဲ့ကြပါသည်။
တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ခိုက်မှုများအား ရပ်ဆိုင်းရေးသည် ဆက်ဆံရေးတိုးမြှင့်ရန် အတွက် အနောက်အုပ်စုမှ ချမှတ်ထားသောအချက်တစ်ခုဖြစ်ပါသည်။ အဆိုပါအချက်အား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့လာရောက်စဉ်က အလေးထားဖော်ပြ သွားခဲ့ပါသည်။
ပြီးခဲ့သည့်လများက အစိုးရသည် တိုင်းရင်းသားသူပုန်အဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် သို့မဟုတ်ပျက်ပြယ်သွားသော အပစ်အခတ်ရပ်စဲရေးများ ပြန်လည်ပြုလုပ်ရန် ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေး ပွဲ၌ ပါဝင်ခဲ့သော အခြားအဖွဲ့များမှာ ရှမ်း၊ကရင်နီ၊ ချင်းနှင့် ကချင်အဖွဲ့များ ပါဝင်ကြောင်း အစီရင်ခံခဲ့ပါသည်။
တိုင်းရင်းသားပဋိပက္ခများ အဆုံးသတ်ရေးသည် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသောအချက် တစ်ခုလည်းဖြစ်ပါသည်။ တိုင်းပြည်သည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါသည်။
နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နယူးယောက်အခြေစိုက် Asia Society မှ ပေးအပ်သောဆုအား လက်ခံရယူသည့်အချိန်တွင် ပြည်ပမှ ထောက်ခံအားပေးမှုများအတွက် ကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ရောက်ရှိနေပြီဖြစ်ကြောင်း၊သို့သော်မိမိတို့သည် ကျော်လွှားမလွန်မြောက်သေးကြောင်း၊ လမ်းကြောင်းပေါ်၌ပင်ရှိသေးကြောင်း ဆုပေးညစာစားပွဲ၌ ပြောကြားခဲ့ပါသည်။
ခက်ခဲသောအချိန်ကာလ၌ ကျွန်ုပ်တို့အား ကူညီရန်အတွက် သင်ကဲ့သို့မိတ်ဆွေများအား လိုလားကြောင်း၊ အမှန်တကယ်ခက်ခဲမှုများဖြစ်ကြောင်း၊ သို့သော်သင်၏ကူညီမှုဖြင့် ဖြေရှင်းနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီနယ်နိမိတ် ချဲ့ထွင်နိုင်သည့် အချိန်အား ရောက်ရှိရန် ရှေ့ဆက်သွားမည် ဖြစ်ကြောင်း၊ အခြားကမ္ဘာ့နေရာများမှ မိတ်ဆွေများနှင့် အဓိပ္ပာယ်ပြည့်ဝသော ပြောင်းလဲမှုများလုပ်ဆောင် ရန် အချိန်ရောက်ရှိလာမည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့ပါသည်။

No comments: