မြ၀တီ၊ ဇန်န၀ါရီလ ၁၀ ရက်
KNU အဖွဲ့မှ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ခေါင်းဆောင်သော အဖွဲ့ဝင် ၁၉ ဦးသည် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြ၀တီမြို့သို့ ရောက်ရှိမယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ အနေဖြင့် ဦးချစ်သန်း ခေါင်းဆောင်သော အဖွဲ့မှ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးရန် အတွက် မြန်မာ အစိုးရဘက်မှ ပြည်ထောင်စု ၀န်ကြီးများ ပါဝင်မည် ဖြစ်ပြီး ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ဇွဲကပင်ဟော်တယ်တွင် ပြုလုပ်မယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်တယ်လို့ မြ၀တီမှ မြန်မာ့အရေး စိတ်ဝင်စားသူများက ပြောကြားခဲ့ပါတယ်။

No comments:
Post a Comment