Monday, January 30, 2012

ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်မယ့်လို့ပြောတဲ့KNUတပ်မဟာ(၇)မှူးဟောင်း ဗိုလ်ချုပ်ထိန်မောင်


 အရင်တုန်းက ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ() မှူး ဟောင်း ဗိုလ်ချုပ်ထိန်မောင် ( ဗိုလ်ချုပ်မြ ရဲ့မယားညီအစ်ကိုတော်သူ) သည် စစ်တပ်နှင့် ၂၀၀၆ခုနှစ်က ကောကရိတ်မြို့နယ် ထော့ကိုကိုး မှာ ငြိမ်းချမ်းရေးယူခဲ့တယ်။ မဲလရွာ လိပ်ပြာကွေ့မှာနေထိုင်ကာ ဗိုလ်ထိန်မောင်အဖွဲ့သည် ငြိမ်းချမ်းရေး ယူပြီး သော်လည်း စစ်တပ်ရဲ့နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ကြိုးစားချက်ကို လက်မခံခဲ့ပါဘူး။ အဲဒီနောက်မှာ အစိုးရ ကိုတော့ လက်နက် စွဲကိုင်ပြီးစစ်တပ်ကို ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲ ကြီးကြီး မားမားတော့ဖြစ်ပွားချင်းလဲမရှိခဲ့ပါဘူး။

အခုတော့ အဖိုး ထိန်မောင်ကတော့ ကရင်ပြနည်နယ်အစိုးနဲ့ငြိမ်းချမ်းရေးလုပ်မယ်လို့ပြောပါတယ်။ အဖိုးထိန်မောင် ကတော့ ထော့ကိုကိုးငြိမ်းချမ်းရေးမြို့သစ်မှာ ရှိတဲ့လူတွေနဲ့ သူ့နယ်မြေထဲမှာ ရှိတဲ့ကရင် တိုင်းရင်းသားတွေ၏ ဖွံ့ဖြိုးရေး အတွက်နှင့် ကရင်ပြည်သူတို့၏လိုလားချက်တွေအရ ၂၀၁၂ ဖေဖော်ဝါရီလ ဆန်းပိုင်းလောက်ကရင်ပြည်နယ်ဖာအံမြို့မှာ အစိုးရအဖွဲ့နဲ့ဆွေးနွေးသွားမယ်လို့ အဖိုးထိန်မောင်၏ အနီးကပ်လုံခြုံရေးလူပေးနေတဲ့ သူတစ်ယောက်နဲ့နီးစပ်သူ မနော်စေး က ပြောပါတယ်။ အဖိုးတို့ဆီကေ တာင်းဆိုမှုတွေကိုတော့ သေသေချာချာဖော်ပြမယ် လို့လဲပြောပါတယ် အစိုးရကလက်ခံနိုင် တဲ့အနေအ ထားဖြစ် အောင် လဲတောင်း ဆိုမယ်လို့ ပြောကြားခဲ့ပါတယ်။

No comments: