Saturday, February 04, 2012

နယ်စပ်ရှိအစိုးရတပ်များလျှော့ချ

          ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေသည့် ဇန္နာဝါရီလ အတွင်း၊ ကေအန်ယူ တပ်မဟာ (၆) နယ်မြေရှိ အစိုးရ၏ ရှေ့တန်း တပ်စခန်း တချို့နှင့် တပ်ဖွဲ့များ လျှော့ချခဲ့ပါသည်။ အထူးသဖြင့် ကေအန်ယူ တပ်မဟာ (၆) ဧရိယာ၌ လှုပ်ရှားနေသော ရခိုင်ပြည်နယ် အခြေစိုက်အမှတ် (၅) စစ်ဆင် ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) နည်းဗျူ(၁)မှ ခမရ (၅၆၃) တပ်ဖွဲ့သည်၊ ကရင်ပြည်နယ်၊ကြာ အင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးမြို့ နယ်ခွဲရှိ မဲကသကျေးရွာ စခန်းမှ တပ်ရုပ် သိမ်းခဲ့ ပါသည်။ အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံဗျူဟာစခန်း၌ အခြေချနေသော စကခ (၅) တပ်ဖွဲ့များသည်၊ နည်းဗျူဟာ (၂) တခုလုံး တပ်ပြောင်းသွားပြီး၊ ၄င်းအစား စကခ(၁၉) လက်ခံတပ်များနှင့် အရေအတွက်လျှော့ပြီး အစားထိုးခဲ့ပါသည်။ မြ၀တီ ဝေါလေဒေသနှင့်
ဆုံစည်းမြိုင်ဒေသရှိ (စကခ ၅) တပ်ဖွဲ့များကိုလည်း လျော့ချခဲ့ပါသည်။ တနည်းပြောရရင် စကခ(၅) တပ် ဖွဲ့အားလုံးနေရာတွင် စကခ(၁၉) အင်အားအနည်းငယ်ဖြင့် အစားထိုးထားခြင်းဖြစ်ပါသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တောင်စွန်း၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံ၊ ထီးပိုးသံ၊ အဇင်း၊ အုန်းခြံ၊ သပြုမိုင်း၊ ထီလိပ်ပါစသည့်စခန်းထိုင်တပ်များသာထားရှိပြီး၊ကျန်လှုပ်ရှားတပ်အားလုံးကို  လျှော့ချလိုက်ခြင်းဖြစ်သည်ဟု
ကေအန်ယူတပ်မဟာ(၆)မှ အ ရာရှိတဦးကပြောပါသည်။
slorc_02(ဓါတ်ပုံ - အင်တာနက်)
“ အရင်တုန်းကတော့ ဥပမာ တောင်ဝိုင်းနဲ့ ကျိုက်ဒုံဟာ အဝေးကြီးလေ၊ အဲဒီကြားမှာရှိတဲ့ ၀င်းလုံ မဲတခရဲ့ တောင် ၀ိုင်းကျေးရွာတွေမှာ အစိုးရရဲ့ လှုပ်ရှားတပ်တွေ ရှိတယ်လေ။ တကြောင်းနှစ်ကြောင်းပေါ့။ အခုတော့ ဘာမှမထားတော့ဘူး။ စကခ(၅)ကို ပြန်ခိုင်းတယ် စကခ (၁၉)ကိုအစားထိုးတယ်။ အစားထိုးတာကလည်းစခန်းထိုင်လောက်ဘဲထိုးတော့တယ်”ဟု ကေအန်ယူအရာရှိက ပြောသွားခြင်း ဖြစ်ပါ သည်။ ဒီကေဘီအေနှင့် ကေအန်ယူတို့ အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးပြီးနောက်ပိုင်း နယ်စပ်ရှိအစိုးရလှုပ်ရှားတပ်များ လျှော့ ချနေခဲ့ပါသည်။ ဘုရားသုံးဆူဒေသရှိ အစိုးရလှုပ်ရှားတပ် များလည်း မြို့ပေါ်စခန်းထိုင် တပ်များနှင့် အောက်ပို့တပ်တချို့သာ ရှိတော့သည်ဟု ကေအန်ယူနှင့် မွန်ပြည်သစ်ပါတီတပ်များထံမှ သိရပါသည်။

No comments: