Thursday, February 02, 2012

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မဆွမ်လွတ်ရွယ်ဂျာအမူကို ဖေဖော်ဝါရီ ၉ ရက်နေ့ ကြားနာမည်

 မြန်မာစစ်တပ်မှ  ဖမ်းဆီးခြင်း  ခံခဲ့ရသည်ဟုဆိုသည့် မဆွမ်လွတ်ရွယ်ဂျာ အမှုကို နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၌ လာမည့် ဖေဖော်ဝါရီလ(၉) ရက်နေ့တွင် ကြားနာစစ်ဆေးမည် ဖြစ်ကြောင်း အမှုအတွက် အကူညီပေးနေသူ အထက်တန်းရှေ့နေ ဦးမာခါး  က ပြောသည်။
“စစ်တပ်က တာဝန်ရှိသူတွေလည်း လာရမယ်။ မလာလို့မရဘူး၊ ပြည်တောင်စု တရားလွတ်တော်ချုပ်က ဆင့် ခေါ်စာ ပို့ပြီးထားပြီ။   legal justice  ဘယ်လောက် အလုပ်ဖြစ်မဖြစ်ဆိုတာ အဖြေ တခုရပါလိမ့်မယ်”ဟု ၄င်း က ပြောသည်။
၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၂၈)ရက်နေ့က ခမရ(၃၂၁) မှ ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည့် မဆွမ်လွတ်ရွယ်ဂျာ၏ ခင်ပွန်း ဖြစ်သူက ဇနီးသည်အတွက်  နေပြည်တော် တရားလွှတ်တော်ချုပ်တွင် ဦးတိုက် လျှောက်ထားခဲ့ခြင်းသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ခိုင်ဘန်ကျေးရွာ တောင်သူ မဆွမ်လွတ်ရွယ်ဂျာမှ အမျိုးသား ဖြစ်သူနှင့်  ၄င်း၏ဖခင်နှင့် အတူ တောင်ယာသွာချိန်တွင် ခမရ(၃၂၁)ခြေမြန်တပ်မှ KIA ဟု စွပ်ဆွဲကာ ဖဖ်းဆီး သွားခြင်းဖြစ်ပြီး၊ အမျိုးသားနှင့် ၄င်း၏ ဖခင်မှာ  ပြန်လည်ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း သူမမှာ လက်ရှိ အချိန်ထိ အဆိုပါစစ်တပ်မှ လွတ်မြောက်လာခြင်း မရှိကြောင်း ဦးမာခါးကပြောသည်။
မဆွမ်လွတ်ရွယ်ဂျာ၏ သားနှင့် ယောက္ခမ
မဆွမ်လွတ်ရွယ်ဂျာ၏ သားနှင့် ယောက္ခမ
ခင်ပွန်းဖြစ်သူ မရူလွမ်းခေါင် က တရားလွတ်တော် ချုပ်ရုံးတွင် ဇန်န၀ါရီလ (၂၆) ရက်နေ့က လျောက်ထားခဲ့ပြီး (၂၇) ရက် နေ့တွင် တရားလွတ်တော်ချုပ်မှ ရှေ့တော်သွင်းစာချွန်လွာကို လက်ခံခဲ့သည့်အတွက် ဖေဖော်ဝါရီလ(၉) ရက်နေ့တွင် နှစ်ဖက်ကြားနာ စစ်ဆေးရန် ထုတ်ပြန်ခြင်းဖြစ်သည်။
မတရားဖမ်းဆီးခံထားရမှုအတွက် တရားလွှတ်တော်ချုပ်သို့ ကချင်ပြည်နယ်မှ လျောက်ထားသူ နှစ်ဦး ထပ်မံ၍ ရှိသေးကြောင်း ဦးမာခါးက ဆိုသည်။
ခလရ (၃၇) တပ်ရင်းမှ ဖမ်းဆီးခြင်းခံနေရသည်ဟု ဆိုသည့် တာလောကြီးကျေးရွာသားများမှာ  ဦးဘရန်ဆိုင်းနှင့် ဇော်ဆိုင်း တို့ ဖြစ်ပြီး ၄င်းတို့၏ ကိုယ်စား ဇနီးနှင့် အမေ ဖြစ်သူတို့က  တရား လွတ်တော်ချုပ်သို့ လျောက်ထားပေးခြင်းဖြစ်သည်။

“သူတို့ပြောတာတော့ တာလောကြီး အထက်ဘုန်ကြီးကျောင်းမှာ ဖမ်းထားတဲ့ သူတွေ တော်တော် များများ ရှိသေးတယ်၊ သူတို့ နှစ်ယောက်ကတော့ ကျွန်တော့်ဆီ ရောက်လာလို့ လုပ်ပေးတာပါ ‘’ ဟု ဦးမာခါးက ပြောသည်။
ရှေ့တော်သွင်းစာချွန်တော် အမိန့်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး   နောက်ပိုင်းတွင် ၁၉၄၇ခုနှစ်မှ၁၉၆၁ခုနှစ် အထိသာသုံးစွဲခဲ့ပြီး  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၁ခုနှစ်  လုပ်ထုံးလုပ်နည်းများ  ပြဋ္ဌာန်းပြီး ပြန်လည်အသက်ဝင် လားခြင်းဖြစ်သည်။ ထို့ပြင်၂၀၀၈ ဖွဲ့စည်း….ပုဒ်မ၂၁(ခ)တွင် တရားရုံး၏ ခွင့်ပြုချက်မရက  နိုင်ငံသားတစ်ဦးကို၂၄နာရီ ထက် ကျော်လွန်၍ ဖမ်းဆီး ချုပ်နှောင် ထားခြင်းမပြုရ ဟုပြဌာန်းထားသည်။

No comments: