Wednesday, February 15, 2012

ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် မငြိမ်းချမ်းသေးတဲ့ တိုက်ပွဲများ

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ကချင်ပြည်နယ်ျ ဝိုင်းမော်မြို့နယ် ကန်တော်ယန်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်း လွယ်ကန်ဒေသတွေမှာအစိုးရတပ်ဖွဲ့တွေနဲ့ ကချင်ကေအိုင်အေတပ်ဖွဲ့တွေတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ဇန်န၀ါရီလ ၁၉ ရက် တရုတ်နိုင်ငံရွှေလီဘက်အခြမ်းမှာကေအိုင်အေနဲ့အစိုးရကိုယ်စားလှယ်တွေတွေ့ဆုံဆွေးနွေးကြပြီးနောက်အခုဆိုရင် စုစုပေါင်းတိုက်ပွဲပေါင်း ၂၃ ကြိမ်အထိဖြစ်ပွားခဲ့ပါတယ်။
      
နောက်ဆုံးဆွေးနွေးပွဲမှာနှစ်ဘက်ဆွေးနွေးပြီးနောက်အ ချက် ၄ ချက်ပါတဲ့ကြေငြာချက်ကိုထုတ်ပြန်ခဲ့ရာ စစ်ရေးအရှိန်များကိုထိန်းသိမ်းသွားဖို့နှစ်ဘက်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ဆိုပေမယ့်တိုက်ပွဲတွေယုတ်လျော့မသွားဘဲဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။
နောက်တစ်ကြိမ် နှစ်ဘက်တွေ့ဆုံညှိနှိုင်းဖို့ကို ဒီရက်တွေအတွင်းမှာ တွေ့ဆုံဖို့ရည်ရွယ်ထားပေမယ့်နေရာညှိနှိုင်းလို့မရသေးတဲ့အတွက်မတွေ့ဆုံနိုင်ကြသေးဘူးလို့သိရပါတယ်။

No comments: