Saturday, February 25, 2012

မိန်းကလေးတွေရဲ့ ကာယိနြေ္ဒအတွက် အကာအကွယ်ပေးနေပေမယ့် တချို့မိန်းကလေးတွေ လူပုံအလယ်ပါမရှောင် နမ်းနေ

 မြန်မာအမျိုးသမီးများ ဘတ်စ်ကားပေါ်မှာ ကာယိနြေ္ဒပျက်အောင် စော်ကားခံနေရတာတွေ ပျောက်သွားဖို့ အတွက် ရန်ကုန်မြို့က ကားလိုင်းတွေမှာ အမျိုးသမီးသီးသန့်ယာဉ်လိုင်းဆိုပြီး အမျိုးသမီးတွေသာ စီးလို့ရတဲ့ ယာဉ်လိုင်းတွေ လုပ်ပေးထားပါတယ်။ အထက်ပါ ကားတွေကို ကျောင်းတက်ကျောင်းဆင်းနဲ့ ရုံးတက် ရုံးဆင်း အချိန်တွေ မှာ ပြေးဆွဲပေးတာဖြစ်ပါတယ်။ 
 နှမသားချင်းစာနာမှုမရှိတဲ့ ယောင်္ကျားတွေရဲ့ လက်သရမ်း မှု နှောင့်ယှက်မှုတွေက ကင်းဝေးအောင် ခုလို အမျိုးသမီး သီးသန့်ယာဉ်လိုင်း ဆိုပြီး စေတနာနဲ့ ပြေးဆွဲပေးတာပါ။ 
ဒါ့အပြင် သာမန်လိုင်းကားတွေပေါ်မှာ မိန်းကလေး တစ်ယောက် အနေနဲ့ ယောင်္ကျားတစ်ယောက် ရဲ့ နှမချင်းမစာမနာ  ဟိုကိုင်ဒီကိုင်မှု၊ မသိမသာနောက်ကနေ မဖွယ်မရာလုပ်မှုတွေခံလာရရင် ၀ီစီမှုတ်ပြီး အကူအညီတောင်းနိုင်ဖို့ ၀ီစီတွေကို အပတ်စဉ် အင်္ဂါနေ့တိုင်း ရန်ကုန်မြို့ လူစည်ကားရာ နေရာတွေမှာ ဝီစီနှင့် အသိပေး စာစောင်များကို ဝေငှနေတယ်လို့ သိရပါတယ်။ တကယ်လို့ ကိုယ်စော်ကားခံရရင် ၀ီစီလေးမှုတ်လိုက်ယုံပါပဲ။ အဲအခါမှာ ကားသမားနဲ့ တခြားကားပေါ်မှာ ပါလာတဲ့ ခရီးသည်တွေကလည်း အထက်ပါအမျိုးသမီးကို အကူအညီပေးပါလိမ့်မယ်။ 


အမျိုးသမီးတွေ အတွက် သီးသန့်ယာဉ်လိုင်း
အထက်ပါကဲ့သို့ အမျိုးသမီးတွေရဲ့ကာယိနြေ္ဒ နဲ့ အရှက်တရားအတွက် တတ်နိုင်သလောက် နိုင်ငံတော်နဲ့ တခြား လူမှုရေး အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေက ကူညီပေးနေပေမယ့်လည်း တချို့မိန်းကလေးတွေကတော့
ကားပေါ်မှာသာမက တခြားလူမြင်ကွင်းတွေမှာပါ အရှက်မရှိ မိမိကိုယ်တိုင် ယောင်္ကျားလေးတွေ နဲ့ ဖြစ် ချင် ရာ ဖြစ်နေတာကို စည်းမဲ့ကမ်းမဲ့ မြင်တွေ့နေရပါတယ်။ အမျိုးသမီးတွေ အရှက်အတွက် သီးသန့် ယာဉ်လိုင်း စီစဉ်ပေးနေပေမယ့် တချို့ မိန်းကလေးတွေကတော့ ပေါ်ပေါ်တင်တင်ပင် အရှက်မရှိ ကားပေါ်မှာ ဖက်လိုက် နမ်း လိုက်နဲ့ မိမိအရှက်ကို မိမိ မကာကွယ် တဲ့အပြင် ကျေကျေနပ်နပ်  ခံယူနေကြတာပါ။ 
မိန်းကလေးတွေရဲ့ ကာယိနြေ္ဒအတွက် တာဝန်ရှိသူတွေမှ တတ်နိုင်သလောက် ကာကွယ်ပေး
နေပေမယ့် တချို့မိန်းကလေးတွေကတော့ ယခုလိုအရှက်မရှိ လုပ်ဆောင်နေ
သူတို့မရှက်ပေမယ့် မြင်နေရတဲ့သူတွေအတွက် ကတော့ ရှက်ဖွယ်လိလိပါ။ တချို့လူတွေရဲ့စေတနာ ကို စော်ကားနေ တဲ့ အပြုအမူတွေဟာ အမှန်တကယ် အခက်အခဲကြုံနေရတဲ့ အမျိုးသမီးထုအတွက် အင်မတန် နစ်နာ သလို စေတနာအလျှောက် စီစဉ်ပေးတဲ့ အဖွဲ့အစည်းတွေကိုလည်း မထီမဲ့မြင်ပြုရာရောက်ပါတယ်။ ဒီမိုကရေစီ လမ်းစဉ်ကို ကျင့်သုံးနေ ချိန် မှာ ပြည်သူတွေ အတွက် အဖက်ဖက်က လိုအပ်ချက်တွေ ကို နိုင်ငံတော် အစိုးရက ဖြည့်ဆည်းပေးနေချိန်မှာ အထက်ပါကဲ့သို့ စည်းကမ်းမဲ့မှု ပုံစံတွေဟာ နိုင်ငံတော် တိုးတက်ရေး ကို နှောင့်နှေးစေပါတယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့လည်း နိုင်ငံတော်ကို တိုးတက်စေချင်လျှင် မိမိကိုယ်တိုင်ကလည်း စည်းကမ်းရှိရှိ နေထိုင်သွားလာပြီး တဖက်တလမ်းကနေ နိုင်ငံတိုးတက်အောင် လုပ်ပေးနေသူများကို ကူညီသင့်ကြောင်း ရွှေမြန်မာက တိုက်တွန်းလိုက်ရပါတယ်။

No comments: