“ တွေ့တာတော့ သိပ်မကြာလှပါဘူး၊ ဆွေးနွေးချက်တွေကလည်း အကျဉ်းချုပ်ပါဘဲ။ သူတို့အဖွဲ့က (၈)ယောက် လောက်ပါတယ်။ ကင်တားနားတို့အဖွဲ့က (၄)ယောက်ပါဘဲ ကျန်တာ နေပြည်တော်အဖွဲ့နဲ့ ရန်ကုန်ကုလသမဂ္ဂရုံးကထင်ပါ တယ်။ ပါတယ်။ ဥက္ကဌကတော့ အထွေအထူးမပြောပါဘူး။ လူ့အခွင့်အရေးရှိရင် ပြည့်ဝရင် ပိုကောင်းတာပေါ့ အဲဒီသဘော ဘဲပြောပါတယ်။” ဟု ပါတီဝန်ထမ်းတဦးကပြောပါသည်။
မစ္စတာ ကင်တားနားသည်၊ ယမာန်နေ့နေ့လည် (၂)နာရီခွဲလောက်တွင် ကရင်ပြည်နယ်ဖါးအံမြို့ကို ရောက်ရှိခဲ့ပြီး ကရင် ပြည်နယ် ၀န်ကြီးအဖွဲ့ နှင့် လွှတ်တော်အမတ်တွေကို ပြည်နယ်လွှတ်တော်မှာ တွေ့ဆုံခဲ့သည်၊ ။ ပြည်နယ် စက်မှုနှင့် စွမ်း အင်ဝန်ကြီးတဦးကပြောပါသည်။
“ ဟုတ်ပါတယ် သူပြောတာကလည်း ချုပ်လိုက်ရင် လူ့အခွင့်အရေးကိစ္စကို ပိုပြောပါတယ်။ ပြီးတော့ ဟိုဖက်အဖွဲ့ တွေအပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေတယ်၊ ဆွေးနွေးပွဲပြီးရင် ဘယ်လိုနေရာချမလဲ အဲဒါပြောပါတယ်။ အပစ်အခတ်ရပ်စဲ ရေးနဲ့ လူ့အခွင့်အရေးဟာ ဆက်စပ်နေတယ်လို့ ပြောပါတယ်။ ဒါကို ပြည်နယ်ဝန်ကြီးချုပ်ကတော့ ပြည်ထောင်စုအစိုးရနဲ့ လက်တွဲပြီးတော့ စီစဉ်နေရာချပေးမှာပါလို့ ” ပြန်လည်ပြောကြားခဲ့သည်ဟု ဆိုပါသည်။

မစ္စတာကင်တားနားသည်၊ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ရောက်ရှိခဲ့စဉ်တွင် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် ပြည်နယ် လွှတ် တော် အမတ်များကို တွေ့ဆုံခဲ့သလို မော်လမြိုင်ထောင်ကိုလည်း သွားရောက်လေ့လာခဲ့ပါသည်။ အလားတူ ပြည် နယ်ရှိ အခြားတိုင်းရင်းသား ကိုယ်စားလှယ်များဖြစ်သည့် ကရင်၊ ပအို့၊ ဗမာ၊ များကိုလည်း တွေ့ဆုံခဲ့ပါသည်။
No comments:
Post a Comment