ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ရတဲ့ မန္တလေးက မြင်ကွင်းတခုပါ။ပြည်သူ့အချစ်တော် ကြံ့ခိုင်ရေးပါတီရဲ့ နောက်ဆုံးပေါ်မဲဆွယ်နည်း ဖြစ်နိုင်ပါတယ်။
ပါတီဦးထုပ်တွေ တီရှပ်တွေကို လမ်းတကာရောက်တဲ့ ၀န်ထမ်းများကို ပေးဝတ်ထားပါတယ်။ ကိုယ့်တံဆိပ်ကို လူများများတွေ့တာဟာ အထိရောက်ဆုံးကြော်ငြာနည်းတခု ဆိုပေမယ့် ၀န်ထမ်းတွေကို ဒီဝတ်စုံဝတ်ခိုင်းတဲ့နည်းနဲ့ မဲဆွယ်တာဟာ ဥပဒေနဲ့ ညီရဲ့လားလို့ မေးခွန်းထုတ်သူက ထုတ်နေပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကလည်း တလပဲ လိုပါတော့တယ်။
လွှတ်တော်ထဲမှာ ခုံအများကြီးရထားတဲ့ ကြံ့ခိုင်ရေးပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲကထွက်လာမယ့် ၄၈ ခုံကိုလည်း အကုန်ယူဖို့ အစွမ်းကုန် ကြိုးစားမယ်လို့ အသံလွှင့်ထားပါတယ်။
1 comment:
သူတို့လုပ်ရမယ့်အလုပ်ကိုသူတို့ သိတဲ့ သဘောပါဗျ။
Post a Comment