Monday, February 27, 2012

မြန်မာပြည်မှာ အမေရိကန်စစ်သား ရှာဖွေရေး



၁၉၄၂ ခုနှစ်က မြန်မာပြည် တောတွင်းတနေရာမှာ တွေ့ရတဲ့ ဗိုလ်ချုပ်စတီးဝဲလ် နဲ့ တပ်ဖွဲ့ဝင်များ 

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်အတွင်း ပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ်သားတို့ရဲ့ ရုပ်အလောင်းတွေ ရှာဖွေရေး လုပ်ငန်းတွေ ပြန်အစပြုဖို့ အမေရိကန်က ကြိုးပမ်းနေပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေ လွန်ခဲ့တဲ့ ၈ နှစ်က ရပ်ထားခဲ့တာပါ။

ဒီတပတ်မှာတော့ အမေရိကန် ထိပ်တန်း စစ်အရာရှိတယောက် မြန်မာပြည် ရောက်လာပြီး လုပ်ငန်းပြန်စရေး စကားပြောခဲ့ပါတယ်။ အမေရိကန် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာလို့ ဒီလို ပြောနိုင်တာ လည်း ဖြစ်ပါတယ်။

နေပြည်တော်မှာ သောကြာနေ့က သွားရောက် ဆွေးနွေးတဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူကတော့ ကာကွယ်ရေးဌာန ဒုတိယ လက်ထောက် ၀န်ကြီး (Deputy Assistant Secretary of Defense) Bob Newberry ဖြစ်ပါတယ်။

မြန်မာပြည်မှာ ရှာမတွေ့သေးတဲ့ အမေရိကန် အရေအတွက်က
၇၃၀ ၀န်းကျင် ရှိမယ်၊ အများစုက လေတပ်က ဖြစ်တယ်၊ ကမ္ဘာစစ်အတွင်း တောထူထပ် တောင်ထူထပ် တဲ့ ဒေသတွေမှာ ပျောက်သွားတာလို့ ဆိုပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေအရေး သဘောတူညီချက်ရဖို့က ကြားဖြတ်ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာဖွယ် ရှိပါ တယ် တဲ့။

၂၀၀၃/၂၀၀၄ ရှာဖွေရေးလုပ်ငန်း ကာလတွေတုန်းကတော့ အမေရိကန်စစ်သား ရုပ်အလောင်း ၇ ခုကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

တနေ့တုန်းက ကာကွယ်ရေးဝန်ကြီးနဲ့ ဆွေးနွေးတဲ့အကြောင်း အစိုးရသတင်းထုတ်ပြန်ချက်
ဒီသတင်းမျိုးကတော့ ထုံးစံအတိုင်း လူနာမည်တွေပဲ ပါပါတယ်။ ဆွေးနွေးတဲ့အကြောင်းအရာ အသေးစိတ် မပါပါ။

နယ်စပ်ရေးရာ ဒုဝန်ကြီးနဲ့ ညှိနေတဲ့ Bob Newberry နဲ့ အဖွဲ့။
Bob Newberry ဟာ ကမ္ဘာတလွှား ပဋိပက္ခများမှာ ပျောက်ဆုံးနေတဲ့ အမေရိကန်များအရေး ဆောင်ရွက်တဲ့ ကာကွယ်ရေးဌာနရဲ့လုပ်ငန်းတွေကို ဦးဆောင်ရသူပါ တဲ့၊ အမေရိကန်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။

No comments: