Thursday, February 02, 2012

ဒလမြို့နယ် လမုပင်ကိုင်းခွဆုံ၌ ကြိုးတန်းလန်းဖြင့် လူအရိုးစုတစ်ခု တွေ့ရှိ

  ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ လမုတောအတွင်းတွင် ၁၉-၁-၂၀၁၂ ရက်ညနေ ၆ နာရီခန့်က လမုပင်ကိုင်းခွဆုံ၌ ကြိုးတန်းလန်းဖြင့် လူအရိုးစုတစ်ခုတွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး သက်ဆိုင်ရာမှ ၂၁-၁-၂၀၁၂ ရက်က သိရသည်။

၎င်းအရိုးစုတွေ့ရှိရာနေရာသည်
ရန်ကုန်မြစ်ကမ်းဘေး လူနေအိမ်များနှင့် ပေ ၃၅၀၀ ခန့်အကွာ ရှိ လမုတောအတွင်း အမြင့် ၁၅ ပေခန့်ရှိ လမုပင်ကိုင်းခွဆုံ၌ အရှည်လေးပေ၊ လုံးပတ်ငါးမူးလုံးခန့်ရှိ အစိမ်း ရောင် နိုင်လွန်ကြိုးအား ချည်လျက် ဦးခေါင်းပိုင်းမှာ ကြိုးကွင်းတွင်ကျန်ရှိနေပြီး ခန္ဓာကိုယ်အရိုးစုများမှာ မြေကြီး ပေါ်သို့ ပုံကျနေသည့် အရိုးစုတစ်ခုတွေ့ရှိရသောကြောင့် သက်ဆိုင်ရာက ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ရာ ပီအာရ်-၀၂၁ ဖြင့် လက်ခံထားရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာက ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် သိရှိ နိုင်ရန် ဒလရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၄/၁၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဓါတ်ပုံ (Google Images)
    
http://www.thithtoolwin.com မှ ကူးယူဖော်ပြသည်။

No comments: