Friday, February 10, 2012

မကွေးတိုင်း မှာ ကြံ့ဖွံ့ ဝန်ကြီးတွေ ရုံးမတက်ပဲ မဲဆွယ်စည်းရုံးရေးဆင်းနေ (ပေးစာ)


Browse › Home » မကွေးတိုင်း မှာ ကြံ့ဖွံ့ ဝန်ကြီးတွေ ရုံးမတက်ပဲ မဲဆွယ်စည်းရုံးရေးဆင်းနေ (ပေးစာ)
ဒီမြို့နယ် (၃)မြို့နယ်မှာ အနိုင်ရဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးတွေဖြစ်တဲ့ ဦးမြင့်နိုင်ကို ရေစကြို၊ ဦးသိန်းထွန်းကို ပခုက္ကူမှာပြီးခဲ့တဲ့ တစ်လလောက်ကတည်းကလွှတ်ပြီး စည်းရုံးရေးတွေ ဆင်းခိုင်းနေခြင်းဖြစ်ပါတယ်။ အဲဒီဝန်ကြီး(၂)ယောက်ဟာ မကွေးမြို့မှာ ရုံးမတက် တာ ၁ လလောက်ရှိပြီဖြစ်ပါတယ်။





 ဒါအပြင် မကွေးနဲ့ ပွင့်ဖြူမြိ့နယ်တွေမှာလည်းပြည်သူ့လွှတ်တော် (၂)နေရာ၊  တောင်တွင်းကြီးမှာ အမျိုးသားလွှတ်တော် (၁)နေရာ
ပြိုင်ဖို့ရှိတော့ အဲဒီမြို့နယ်တွေကိုလည်း ၀န်ကြီးတွေဆင်းခိုင်းပြီးပြည်သူတွေကို စည်းရုံး ခိုင်းထား ပါတယ်။


နောက်ပြီး ရေစကြိုနဲ့ မြိုင်မှာကြံ့ဖွတ်ပါတီ အနိုင်ရရေးအတွက် ဒေသခံ ပြည်ထောင်စု ၀န်ကြီးတွေဖြစ်တဲ့သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်၊ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်၊ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းတို့ဟာ ရေစကြိုနဲ့ မြိုင်ကိုချောင်းပေါက်မတတ် လာပြီး ပြည်သူတွေကို ငွေနဲ့မျှားပြီး မဲတွေဝယ်နေ ပါတယ်။

ပွင့်ဖြူကိုတော့ အဲဒီဇာတိသားဖြစ်တဲ့ သာသနာရေးဒုဝန်ကြီးဒေါက်တာမောင်မောင်ဌေးက စည်းရုံးရေးဆင်းနေပါတယ်။ ဒီဝန်ကြီးတွေ ဟာ        အစိုးရအဖွဲ့မှာ ပါဝင်သွားပြီးရင် ပါတီအလုပ်ကို မလုပ်ရဘူးလို့ ကြားဖူးဖတ်ဖူးပါတယ်။

ဒါပေမယ့် သူတို့ကပြည်သူကပေးတဲ့ရာထူးကိုယူ၊ လစာကိုယူပြီးသူတို့ပါတီအကျိုးအတွက်ပဲလုပ်အေမေစုရဲ့ပါတီကတော့ တန်းတူ အခွင့်အရေးမရပါဘူး။
 
သူတို့ကလက်ရှိအာဏာရတွေဆိုတော့ကျးရွာပ်ရေးမှူးရုံးနဲ့စာသင်ကျောင်းတွေကိုလည်း စည်းရုံးရေး  နေရာအဖြစ်အသုံးချနေပါတယ်။
ရေစကြိုက တိုင်းဒေသကြီးဝန်ကြီး ဦးမြင့်နိုင်ဆိုရင် သူတို့ပါတီကပြိုင်မဲ့အမတ် ဦးဘိုးဝင်းကို သွားလေရာခေါ်ပြီး မျက်နှာပြနေပါတယ်။
အမှန်ကတော့ အဲဒီလို လုပ်လို့မရဘူးလို့ထင်ပါတယ်။ ဦးဘိုးဝင်းအနေနဲ့တရားဝင် စည်းရုံးခွင့်မရှိသေးတော့ ၀န်ကြီးသွားလေရာကို လိုက်ပြီးမျက်နှာပြ၊ ပြည်သူရင်းနှီးအောင်လုပ်နေခြင်း ဖြစ်ပါတယ်.။အမေစုတို့ပါတီအနေနဲ့ ကြံ့ဖွတ်ပါတီကို လျှော့မတွက်သင့်ပါဘူး၊ သူတို့ကအာဏာကို မစွန့်လွှတ်ချင်တော့ ရတဲ့နည်းနဲ့ နိုင်အောင်လုပ်မှာဘဲ။အခုလို ဦးဘိုးဝင်းကြီးက ဦးမြင့်နိုင်သွားလေရာလိုက်နေ
တာဟာရွေးကောက်ပွဲဥပဒေနဲ့ ညီမညီ စိစစ်သင့်ပါတယ်။

 
ရွေးကောက်ပွဲကော်မရှင်ဆိုတာကလည်း သူတို့ခိုင်းတာလုပ်မယ့်လူတွေကိုရွေးထားတာဖြစ်တော့ နှာစေးနေတာပါဘဲ။ ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းထွန်း ဆိုရင်လည်း မြိုင်နယ် တကြောမှာဂျီအက်စ်အမ်တွေ၊ စီဒီအမ်အေတွေ ဘယ်နေရာ ကနေ   ပြောပြော ပြောလို့ရအောင်လုပ်ပေးပြီး မဲဆွယ်စည်းရုံးနေပါတယ်။ တစ်တိုင်းတစ်ပြည်လုံး အတွက်မစဉ်းစားပဲ ကိုယ့်ဒေသ   ကောင်းကျိုးကိုပဲကြည့်၊ကိုယ့်ပါတီအနိုင်ရေ
ရးကိုပဲကြည့်နေကြတာပါ။ပြည်သူတွေသိသင့်ပါတယ်။
အမေစုတို့လည်း သူတို့ရဲလုပ်ဆောင်ချက်တွေကိုမျက်ခြေမပြတ်သင့်ပါဘူး။ အမေစုအနေနဲ့ ကျွန်မတို့ ပခုက္ကူ၊ ရေစကြို၊
မြိုင်ဒေသကို စည်းရုံးရေးခရီးရောက်အောင် လာစေချင်ပါတယ်။ အခုမြို့နယ်(၃)ခုစလုံးမှာ ကြံ့ဖွတ်ပါတီက အနိုင်ရရှိရေးအတွက် ဘယ်လောက်ပဲလုပ်နေလုပ်နေပြည်သူကတော့ အမေစုကိုပဲ အားပေးမှာပါ။


မကွေးတိုင်းမှပြည်သူတဦး

No comments: