ယမန်နေ့ ညက ကန်တော်ကြီးမျှော်စင်ကျွန်းတွင် မနောအလှဂီတည(ကချင်ဒုက္ခသည်များ ရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော်) ပြုလုပ်ကျင်းပခဲ့ပြီး အဆိုတော် အယ်ခွန်းရီ၊ ကေဂျာနူး၊ ကော့မိုင်၊ Lလွန်းဝါ၊ Lဆိုင်းဇီ၊ ရေဗက္က၀င်း၊ Nကိုင်ရာ၊ ဆူဇီ စသောအနုပညာရှင်များအပါအ၀င် Dancer အဖွဲ့များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါပွဲဖြစ်မြောက်ရေးအတွက် အဓိကပံ့ပိုး ကူညီပေးခဲ့သောကုမ္ပဏီများမှာ ထူး၊ မက်စ်မြန်မာ၊ ကမ္ဘောဇ၊ Sky Net စသည့် ကုမ္ပဏီကြီးများမှ ပံ့ပိုးကူညီခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ကချင်တိုင်းရင်းသားများ အများဆုံး လာရောက်ကြည့်ရှု အားပေးခဲ့တာဖြစ်ပြီး ကချင်စကားတွေနဲ့ အပြန်အလှန်နှုတ်ဆက်ပြောဆိုမှု များကြောင့် ကန်တော်ကြီး မျှော်စင်ကျွန်းတွင် မနောမြေအငွေ့အသက်များဖြင့် သက်ဝင်နေသော ညတစ်ည ပင်ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှရှိတဲ့ ဒုက္ခသည်တွေကို ကူညီပံ့ပိုးရန်အဓိကဦးတည်ပြီး ရန်ပုံငွေရှာဖွေရေးပွဲတော် လုပ်ဆောင်ခဲ့သည့်အတွက် ယခုလို ရန်ပုံငွေရှာဖွေရေးပွဲတွေပြုလုပ်ပြီး ရရှိလာသည့်ငွေကြေးများ သည် အမှန်တကယ် အတိဒုက္ခရောက်ရှိနေကြသော ကချင်ပြည်နယ်တွင်ရှိသည့် ဒုက္ခသည်များ လက်ဝယ်သို့သာ ရောက်ရှိသင့်ပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အနေဖြင့် ကချင်ပြည်နယ်အတွင်းတွင် ဖြစ်ပွားသော စစ်ပွဲများကြောင့် ဒုက္ခရောက်နေရသော ဒုက္ခသည်များအား အကြောင်းပြကာ နိုင်ငံတကာမှ ငွေကြေးထောက်ပံ့မှုရရှိရန် တောင်းခံမှုများပြုလုပ်ခဲ့ကြသည့်အပြင် ယခုလို စစ်ဘေးဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေခြင်းဖြစ်သည်ဟုဆိုကာ ဒုက္ခသည်တွေဆီ မရောက်ဘဲ KIA မှ စစ်အောင်နိုင်ရေးအတွက် သုံးစွဲခြင်းမျိုးလည်း ရှိခဲ့ကြပါတယ်။ KIA လက်ဝယ်သို့သာ ယခုလိုရှာဖွေသောငွေကြေးများ ရောက်ရှိသွားခဲ့ လျင် ကချင်ပြည်နယ်တွင် ယမ်းခိုးယမ်းငွေ့ များမပြယ်ဘဲ ဆက်လက်၍တိုက်ပွဲများဖြစ်ပွားနေမည်ကို ကချင် တိုင်းရင်းသားများအနေဖြင့် အထူးပင်စိုးရိမ်ပူပန်နေကြတယ်လို့ လာရောက်ကြည့်ရှုအားပေးသူ ကချင် တိုင်းရင်းသားပရိတ်သတ် တစ်ဦးထံမှ သိရှိရပါတယ်။
No comments:
Post a Comment