ကေအိုင်အိုနှင့် မြန်မာအစိုးရကြား စတုထ္တကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖြစ်တွေ့ဆုံရန် ဆွေးနွေးမှု များကို ရက်ပိုင်းအတွင်းပြုလုပ်မည်ဟု ဆိုသော်လည်း ပြုလုပ်မည့်နေရာနှင့် နေ့ရက်ကို အတိအကျ သတ်မှတ် ထားခြင်းမရှိသေးကြောင်း ကေအိုင်အိုမှ အရာရှိတဦးထံမှ သိရသည်။
“ ၁၀ – ၁၁ ရက်နေ့ တွေ့ဖြစ်မယ်ဆိုတာ ကလည်း ခုထိစည်းဝေးထိုင်ပြီး အပြန်အလှန် ဆက်သွယ်နေတုန်း ပါပဲ “ ဟု ဆက်လက်ပြောပြသည်။
ဆွေးနွေးပွဲတွင် ပါဝင်မည့် အကျိုးဆောင်များမှ ၁၀ – ၁၁ ရက်နေ့တွင် တွေ့ဖြစ်မည် ဖြစ်သော်လည်း နေရာ အတိအကျ သတ်မှတ်ထားခြင်း မရှိသေးကြောင်း ပြောပြသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ တွင် ကချင်ပြည်နယ်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီးသည့် နောက်တွင် ၂၀၁၁ သြဂတ်စ်လတွင် လဂျားယန်ကျေးရွာ၊ ၂၀၁၁ နိုဝင်ဘာလ တွင် တရုတ်နိုင်ငံ ရွေလီမြို့ ၊ ၂၀၁၂ ဇန်န၀ါရီလတွင် ရွေလီမြို့တို့တွင် သုံးကြိမ်မြောက်ဆွေးနွေးခဲ့သည်။
အစောပိုင်းက ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများတွင် ပင်လုံနှင့် ပက်သတ်သည့် သဘောထားကွဲလွဲမှုများ ကို စေ့စပ် ဆွေးနွေးနိုင်ခြင်းမရှိသဖြင့် ဆွေးနွေးပွဲများမှ ထူးခြားသည့် ရလဒ်များ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။
နောက်ဆုံးအကြိမ်ရွေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုများပြုလုပ် သွားရန်၊ နှစ်ဖက် စစ်ရေးအရှိန် ထိန်းသိမ်းရန် အစရှိသည့် အချက်များကို သဘောတူခဲ့သော်လည်း လက်ရှိ ကချင်ပြည် နယ်တွင် အစိုးရစစ်တပ်လှုပ်ရှားမှုများရှိနေဆဲဖြစ်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းမြောက် တို့တွင်တိုက်ပွဲများ ရှိနေ ဆဲဖြစ်သည်။
No comments:
Post a Comment