သဲကုန်းမြို့ ဖေဖော်ဝါရီ ၈ရက်နေ့
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လည် ၁၂၀၀ နာရီလောက်မှာ သဲကုန်းမြို့၊ ပုတီးကုန်းဆေးရုံတွင် ရွာမမြောက်ပိုင်းရွာမှာနေထိုင်တဲ့ ဦးမျိုးမင်းထိုက်နဲ့ ဒေါ်ချိုမာဝင်းတို့ကနေပြီး ဦးခေါင်းတစ်လုံးဘဲပါရှိပြီး ခန္ဓာကိုယ်နှစ်ခုရှိတဲ့ ကလေးတစ်ဦး မွေးဖွားခဲ့ကြောင်း ဒေသခံများရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ ဆရာဝန်တစ်ဦးရဲ့ ပြောပြချက်ကတော့
“အဲဒီကလေးမှာ ဦးခေါင်းတစ်လုံးပဲပါပါတယ်။ ဒါပေမယ့် လည်တိုင်ကနေ ခန္ဓာကိုယ်နှစ်ခုခွဲထွက်ပြီး ခန္ဓာကိုယ်အကြီးတစ်ခုမှာ ခြေလက်အပြည့်အစုံပါတယ်။ နောက်ခန္ဓာကိုယ်အသေး တစ်ခုမှာတော့ ခြေတောက်အပြည့်အစုံပါရှိပေမယ့် လက်တွေမပါဘဲနဲ့ ခန္ဓာကိုယ်နှစ်လုံးမှာတော့ ယောက်ကျားလေး အင်္ဂါပါရှိတယ်” လို့ ပြောပါတယ်။
မွေးဖွားလာတဲ့ ကလေးရဲ့ကိုယ်အလေးချိန်ဟာ ၆ပေါင်နဲ့ ၁ အောင်စရှိပြီးတော့ ဆရာဝန်တွေနဲ့ ဆရာမတွေက အောင်မြင်စွာ မွေးဖွားပေးခဲ့တယ်လို့သိရပါတယ်။ ညနေ ၅ နာရီလောက်မှာတော့ ပြည်မြို့က ဆေးရုံကို ပြောင်းရွှေ့ ပေးခဲ့တယ်လို့သိရှိရပါတယ်။
No comments:
Post a Comment