Thursday, February 09, 2012

CG-12 ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းမှ FTX လေ့ကျင့်ခန်း ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ခြင်း

ထိုင်းနိုင်ငံ- ဖေဖော်ဝါရီ ၇ ရက်
ထိုင်းနိုင်ငံ Nakhon Ratchasima ပြည်နယ် လေတပ်အခြေစိုက်စခန်းမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က Cobra Gold – 2012 (CG-12) ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းမှ မြေပြင်လက်တွေ့လေ့ကျင့်ခန်းဖြစ်တဲ့ (Field Training Exercise-FTX) ဖွင့်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 
အဲဒီဖွင့်ပွဲ အခမ်းအနားမှာ ထိုင်းဘုရင့် စစ်သေနာပတိချုပ်ရုံးက ဒုတိယစစ်သေနာပတိချုပ် Gen.Sacol Sajjanit နဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန် သံရုံးက ဒုတိယသံရုံးတာဝန်ခံတို့ တက်ရောက်ခဲ့ပြီးတော့ ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှုား၊ တောင်ကိုရီးယား၊ မလေးရှားနိုင်ငံတွေက တပ်ဖွဲ့ဝင်တွေအပြင် ထိုင်းနိုင်ငံမှာရှိတဲ့ နိုင်ငံပေါင်း ၂၀ က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။
CG-12 ပူးပေါင်းစစ်ရေး လေ့ကျင့်မှုဟာ ထိုင်းနဲ့ အမေရိကန်တို့က ဦးဆောင်ကျင်းပပြုလုပ်တာဖြစ်ပြီး တပ်ဖွဲ့ဝင် ဦးရေပေါင်း ၁၃၀၀၀ ကျော် ပါဝင်လေ့ကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီလ ၇ ရက်ကနေ ၁၇ ရက်နေ့အထိ ပူးပေါင်းလေ့ကျင့်သွားမှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ အင်္ဂလန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်တယ်လို့ သိရပါတယ်။ FTX လေ့ကျင့်ခန်းကိုတော့ Phitsanulok ၊ Lopburi ၊ Chanthaburi ၊ Nakhon Ratchasima နဲ့ Khon Kaen ပြည်နယ်တွေမှာ လေ့ကျင့်မှာဖြစ်ကြောင်း သိရပါတယ်။   

No comments: