Thursday, February 02, 2012

မွန်ပြည်သစ်ပါတီနှင့် ပြည်နယ်အဆင့်ဆွေးနွေး

နိုင်ရော့စ ဦးဆောင်သည့် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ကိုယ်စလှယ် အဖွဲ့နှင့် ဦးအောင်မင်း ဦးဆောင် သည့် နိုင်ငံတော်ငြိမ်း ချမ်းရေးအဖွဲ့အပါဝင် ဦးအုန်းမြင့်နှင့် ပြည်နယ်အစိုးရ၀န်ကြီးတို့သည်၊ ယနေ့ နံက်ပိုင်းတွင် မွန်ပြည်နယ်  မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ (Strand) ဟိုတယ် အစည်းအဝေးခန်းမတွင်   တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဤဆွေးနွေးပွဲသည်၊ပြည်နယ် အဆင့်  ငြိမ်းချမ်းရေး ဖော်ဆောင်သည့် ဆွေးနွေးပွဲဖြစ်ပြီး ပဏာမ သဘောတူညီချက် (၅) ချက် ရရှိခဲ့ပါသည်။

ယင်းသဘောတူညီချက်(၅)ချက်မှာ -
 (က) နှစ်ဦးနှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန် ကိစ္စ။
(ခ) ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စာလှယ်အဖွဲ့ တရားဝင် ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့်နေ့ရက်၊ အချိန်နှင့် နေရာတို့ကို ညှိနှိုင်းရန် ကိစ္စ။
(ဂ) ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာ နေရာ၌ (လက်နက်မပါ) ထားရှိရန်ကိစ္စ။
(ဃ) သတ်မှတ်နေရာမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်း မပြုရန်ကိစ္စ။
(င) နှစ်ဖက် သဘောတူညီမှု ညှိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန် ကိစ္စ။ တို့ဖြစ်ကြပါသည်။
 နောက်ထပ်ဆွေးနွေးပွဲကို၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်တွင် ထပ်မံကျင်းပရန် သဘောတူထားပါသည်။ မွန်ပြည် သစ်ပါတီကိုယ်စားလှယ်အဖွဲ့သည်၊ ဆွေးနွေးပွဲရလာဒ်များကို ၄င်းတို့ဗဟိုကော်မီတီ အဖွဲ့သို့ တင်ပြရန်ရှိသလို အစိုးရကိုယ် စားလှယ်များကလည်း မွန်ပြည်သစ်ပါတီ၏တင်ပြချက်တချို့ကို အထက်သို့တင်ပြရန်ရှိသည့်အတွက် ဖေဖေါ်ဝါရီ တတိယအ ပတ်သို့ ရွှေ့ဆိုင်းရခြင်းဖြစ်ပါသည်။
401480_311581768893458_100001249121721_926752_1149728035_n(ဓါတ်ပုံ - အင်တာနက်)
 ယင်းပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ အကျိုးဆောင်များအဖြစ် ရေးမြိုနယ်မှ ကိုရင်လေး ဆရာတော်၊ သံဖြူဇ ရပ်မြို့နယ်မှ ဟံသာထော ဆရာတော် အပါအဝင် ကိုယ်စားလှယ်(၁၂)ဦး ပါဝင်၍ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော် ဆောင်ရေးအဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ခဲ့ပြီး ဦးဇော်မင်းနှင့်အဖွဲဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့ ပါဝင်ခဲ့ပါသည်။

No comments: