Thursday, February 02, 2012

ဟားခါး မြို့မှ ဈေးလိုင်စင် ပေါင်နှံခြင်းကိစ္စ မြို့မိမြို့ဖ တဦးမှ ငြင်းချက်ထုတ်

ပြည်နယ် စည်ပင်မှ ချင်းပြည်နယ် ဟားခါးမြို့လယ်ခေါင်တွင် ဖွင့်လှစ်ထားသည့် မြို့မဈေးလိုင်စင်သည် ပုဂ္ဂလိက လက် ထဲ ရောက်ရှိသွားသည့် ကိစ္စ မဟုတ်မှန်ကြောင်း ဟားခါးမြို့မိမြို့ဖ ဖြစ်သူ Pu Hrang Vung က ငြင်းဆိုလိုက်သည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ပြည်နယ် စည်ပင်မှူး ဖြစ်သူ ဦး တမ်အောင်က ဟားခါးမြို့ (၆) ရပ်ကွက်နေ မြို့မိမြို့ဖ များအား ခေါ်ယူပြီး ၁၂ နိုဝင်ဘာ ၂၀၁၁ တွင် တကြိမ် ၂၇ နိုဝင်ဘာ ၂၀၁၁ တွင် တကြိမ် နှစ်ကြိမ်တိုင်တိုက် အဖြစ်မှန်အတွက် ရှင်း လင်းမှူ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခိုနူမ်းထုန်သတင်း၏ အောက်တိုဘာလ ၂၇ ရက်နေ့ သတင်းတွင် ဟားခါးမြို့မ ဈေး လိုင်စင်စာအုပ် ပုဂ္ဂလိက လက်ထဲ ရောက်သွားကြောင်း အကြောင်းရင်းမှာ
ည်ပင်မှူး ဦးတမ်အောင်က ပုဂ္ဂလိက ဆိုင်ရှင်တဦးထံ သိန်းပေါင်း ၆၀ ချေးယူထား သည့် ငွေ မဆပ်နိုင်သောကြောင့် ဖြစ်ကြောင်း ဖော်ပြ ထားသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ပူး ဟရန်းဝုန်၏ တင်ပြစာ တွင်  ငွေသိန်းပေါင်း (၆၀) ချေးယူသည့်ကိစ္စနှင့် ပါတ် သက်ပြီး ငွေ ထုတ်ချေးပေးသူ ဦးသွမ်ဆန်းက ဦးတမ်အောင်မှ ငွေချေးယူခြင်းမရှိကြောင်း ဟားခါး စည်ပင်မှ ၀န်ထမ်းဖြစ်သူ ဒေါ်ကျိန် လမ်းလျန် မှ ကိုယ်တိုင်ချေးယူခဲ့ခြင်းဖြစ်ကြောင်း ဒေါ် ကျိန်းလမ်းလျန် တိမ်းရှောင် ခြင်းမပြုမှီ ဦးတမ်အောင်မှ ဦးသွမ်ဆန်း နှင့်  ဒေါ်ကျိန်လမ်းလျန် တို့ အား ခေါ်ယူမေးမြန်းခဲ့ရာ ကျွန်မ ၏ ကိုယ်ရေးကိုယ်တာ အတွက် ချေးယူခဲ့ခြင်း သာဖြစ် ကြောင်း စည်ပင်ဝန်ထမ်းများ အားလုံးရှေ့မှောက်တွင် ထွက်ဆိုခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ဒေါ်ကျိန်လမ်းလျန် မှ အမဲသတ်လိုင်စင် ၊ ၀က်သတ်လိုင်စင် ရှိသူများထံမှ ငွေများ ကိုလက်ခံရယူပြီး ဘဏ်၌ သွင်းခဲ့ခြင်း မပြုခဲ့သည့်အတွက် အမှုဆောင်အရာရှိ ဦးတမ်အောင် နှင့် လိုင်စင် ရှိသူ များမှ စိုက်သွင်း ခဲ့ကြောင်း ယင်းကိစ္စ သည် ဦးတမ်အောင် ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် မတရားစွပ်စွဲကြခြင်းသာဖြစ်ပြီး  တိမ်းရှောင် ထွက်ပြေးသွား သူ ဒေါ် ကျိန်လမ်းလျန် ကို မြို့မိ မြို့ဖ များနှင့် ငွေထုတ်ချေးပေးသူ များနှင့် ပူးပေါင်းကာ ဖေါ်ထုတ်အ ရေးယူဆောင် ရွက်ပေး သွား မည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
ပြည်နယ်စည်ပင်ဌာနသည် ဟားခါးမြို့ပေါ်ရှိ ကုန်သည်များ၊ နယ်မှ ကုန်သည်များထံ အတိုးနှုန်းဖြင့် သိန်းပေါင်း ၃၀၀- ၅၀၀ အကြား ငွေချေးကြောင်း ချေးငွေကို မဆပ်နိုင်သောကြောင့် စည်ပင်ရုံးမှ အမျိုးသမီး ၀န်ထမ်း တဦးက လိုင်စင်စာအုပ်ကို ပုဂ္ဂလိက လက်ထဲအပ်ခဲ့ပြီး တဖက်မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေားတိမ်းရှောင် သွားကြောင်း ခိုနူမ်းထုန်သတင်းမှ သိရှိခြင်း ဖြစ်သည်။
ဦးတမ်အောင်သည် ဟားခါး မြို့မိမြို့ဖ များအား ခေါ်ယူ တွေ့ဆုံစဉ်တွင် မြို့မဈေးလိုင်စင်ကို အများမြင်သာ အောင် ပြသခဲ့ကြောင်း ဖော်ပြထားသည်။
ဦး ဟရန်းဝုန်၏ရှင်းလင်းချက်
၂၀၁၁ ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ ခေါနှုးသုမ် ၀ဘ်ဆိုက်တွင်ဖော်ပြခဲ့သော ဟားခါးမြို့ လယ်ခေါင် တွင် ပြည်နယ်စည်ပင်မှ ဖွင့်လှစ်ထားသော မြို့မ လိုင်စင်ပေါင်နှံခြင်းနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်တဦးထံမှ သိန်းပေါင်း(၆၀)ကျော် ချေးယူသည့်ကိစ္စ နှင်ပါတ်သက်၍ ဦးတမ်အောင် မှ ဟာခါးမြို့ (၆)ရပ်ကွက်နေ မြို့မိ မြိုဖ များဖြစ်ကြသော ဦခင်မောင်ဝင်း၊ ဦးဟရန်းကျဲအို ၊ ဦးချွန်းသိန်း၊ ဦးဟရန်ဝုန်း ၊ ဦးထောင်ကီးလန်း၊ ဦးထလားကီးယိုလျန်း ၊ ဦးထလာဘိခ် ၊ ဦးကျော်လွင် ၊ ဦးသေအုပ် စသော မြို့မိ မြို့ဖ (၂၀) ဦးအား ဖိတ်ကြားကာ ၁၂၊၁၁၊ ၂၀၁၁ နေ့ရက်တွင် တကြိမ် ၂၇ ၊ ၁၁ ၊ ၂၀၁၁နေ့ရက်၌လည်း ဦးဒေဗစ်ရွှေ ၊ ဦးဟရန်းဇဲ ၊ ဦးချွန်ကီးယို ၊ ဦးရာဟူး ၊ ဒေါက်တာ ဘွေ့ဟူး ၊ ဦးရိုဘင် ၊ ဦးဗန်ဟူး ၊ တို့အား ဖိတ်ကြားပြီး ဖြစ်ရပ်မှန်များကို (၂)ကြိမ်တိတိ ရှင်းလင်းခဲ့ပါသည်။
မြို့မဈေးလိုင်စင် ကိုယ်စား တက်ရောက်သူ အားလုံးသိရှိအောင် လက်ဆုပ်လက်ကိုင် ရှိနေကြောင်း ပြသခဲ့ပါ သည်။ ငွေသိန်းပေါင်း(၆၀)ချေးယူသည့်ကိစ္စနှင့်ပါတ်သက်၍ ငွေထုတ်ချေးပေးသူဦးသွမ်ဆန်းက ဦးတမ်အောင် မှ ငွေချေးယူခြင်းမရှိကြောင်း ဟားခါးစည်ပင်မှ ၀န်ထမ်းဖြစ်သူ ဒေါ်ကျိန်လမ်းလျန် မှ ကိုယ်တိုင်ချေးယူခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ကျိန်းလမ်းလျန် တိမ်းရှောင်ခြင်းမပြုမှီ ဦးတမ်အောင်မှ ဦးသွမ်ဆန်း ၊ ဒေါ်ကျိန်လမ်းလျန် တို့ အား ခေါ်ယူမေးမြန်းခဲ့ရာ ကျွန်မ၏ ကိုယ်ရေးကိုယ်တာ အတွက် ချေးယူခဲ့ခြင်းသာဖြစ်ကြောင်း စည်ပင်ဝန်ထမ်း များ အားလုံးရှေ့ မှောက်တွင် ထွက်ဆိုခဲ့သည် ကိုလည်း သိရှိခဲ့ကြပါသည်။ ဒေါ်ကျိန်လမ်းလျန် ရှိစဉ်က ငွေတိုး ကိုရယူပြီး မည်သူကိုမျှ ငွေချေးယူသည် ဟု ပြောဆိုခြင်းမရှိဘဲ ဒေါ်ကျိန်လမ်းလျန် တိမ်းရှောင် ထွက်ပြေးသွား သည့်အခါမှသာ ဦးတမ်အောင် ထံသို့ လာရှောက်ကာ ဒေါ်ကျိန်လမ်းလျန် မှ ငွေချေးယူကြောင်း ပြောပြလာ ကြသည်ကိုလည်း သိရှိခဲ့ပါသည်။
ထို့အပြင် ဒေါ်ကျိန်လမ်းလျန် မှ အမဲသတ်လိုင်စင် ၊ ၀က်သတ်လိုက်စင် များထံမှ ငွေများ ကိုလက်ခံရ ယူပြီး ဘဏ်၌ သွင်းခဲ့ခြင်း မပြုခဲ့သည့်အတွက် အမှုဆောင်အရာရှိ ဦးတမ်အောင် နှင့် လိုင်စင် ရရှိသူ များမှ စိုက်သွင်း ခဲ့ကြောင်းကိုလည်း သိရှိခဲ့ရပါသည်။
သို့ပါ၍ ဦးတမ်အောင် ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် မတရားစွပ်စွဲသူများ နှင့် လိမ်လည်ပြီး တိမ်းရှောင်ထွက် ပြေးသွားသူ ဒေါ်ကျိန်လမ်းလျန် ကို မြို့မိ မြို့ဖ များနှင့် ငွေထုတ်ချေးပေးသူ များနှင့် ပူးပေါင်းကာ စုံစမ်းဖေါ် ထုတ်ပြီး အရေးယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခိုနှုန်းထုန် မှ ကူးယူးဖော်ပြသည်။

No comments: