ABSDF နှစ်ပတ်လည်အခမ်းအနားတစ်ခု(Photo-Internet)
ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်းက ”အခုခရီးစဉ်က ငြိမ်းချမ်းရေးခရီးစဉ်အတွက် ပြင်ဆင်ဖို့သွားတယ်” ဟုပြောသည်။
ABSDF အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးဖော်ဆောင်သွားမည်ကို မွန်ပြည်သစ်ပါတီက ကြိုဆိုလိုက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအဖွဲ့အစည်းများ၏ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရန်လည်း ဖိတ်ခေါ်ကြောင်း မွန်ပြည်သစ်ပါတီမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က ပြောသည်။
ABSDF နှင့် ဒုဗိုလ်မှူးကြီးဟောင်းစောခင်စိုး ဦးဆောင်သောကိုယ်စားလှယ်များသည် လွန်ခဲ့သောဖေဖော်ဝါရီလ 1 ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
နှစ်ပေါင်း 20 ကျော်အတွင်း မြန်မာအစိုးရနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည့် ABSDF သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားနိုင်ရန် ငြိမ်းချမ်းရေးစားပွဲတွင် တန်းတူညီတူ တွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်ကို ဆက်လက်ပြုလုပ်သွားကြမည်ဟု ထိုတွေ့ဆုံမှုအပြီး ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကို 1988 ခုနှစ်ဒီမိုကရေစီအုံကြွမှုကြီးအပြီး နယ်စပ်အသီးသီးသို့ထွက်ခွာလာသည့် ကျောင်းသားများက ဦးဆောင်၍ လူထုလူတန်းစားပေါင်းစုံဖြင့် 1988 နိုဝင်ဘာလ (1) ရက်နေ့တွင် ABSDF ကို ဖွဲ့စည်းခဲ့သည်။
No comments:
Post a Comment