Thursday, March 01, 2012

မဲဆောက်တွင် အထူးကုန်သွယ်ရေးဇုန်နှင့် ချစ်ကြည်ရေးတံတား အမှတ် ၂ အား အမြန်ဆုံးတည်ဆောက်ရန် ထိုင်းကုန်သည်ကြီးများက ဆွေးနွေး

မဲဆောက်၊ ဖေဖော်ဝါရီလ ၂၉ ရက်
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနက် ၉ နာရီက ထိုင်းနိုင်ငံ မဲဆောက်မြို့ ကုန်သည်ကြီးများ အစည်းအဝေးခန်းမတွင် တာ့ခ်ျခရိုင်လက်အောက်ခံ မြို့နယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ စက်ရုံ အလုပ်ရုံလုပ်ရုံ ပိုင်ရှင်များ စုစုပေါင်း ၂၀၀ ကျော်ဖြင့် အစည်းအဝေးကျင်းပခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးကို တာ့ခ်ျခရိုင်မြို့တော်ဝန် နိုင်သုရိယျပါသတ်တန်ဒစ်နှင့် တာ့ခ်ျကုန်သည်ကြီးများ အသင်းဥက္ကဌ နိုင်ဘန် ဖွတ်ကော်ကစ်စရိမ်တို့က ဦးဆောင်ခဲ့ပါတယ်။

အစည်းအဝေးတွင်တာ့ခ်ျခရိုင်မြို့တော်ဝန်မှ မြန်မာနိုင်ငံတွင် တိုင်းရင်းသားများနှင့်အစိုးရ ငြိမ်းချမ်းရေးဆွေးနွေး ပွဲများ အောင်မြင်နေလို့ နယ်စပ်ဒေသအေးချမ်းပြီး ကုန်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတတ်လာမှာ ဖြစ်လို့ မဲဆောက်မြို့မှာ အထူးစီးပွားရေးဇုန် ဖွင့်လှစ်ရန်နှင့် မဲဆောက်ကို ခရိုင်တစ်ခုသတ်မှတ်ရန် ဆွေးနွေးခဲ့ပါတယ်။ တက်ရောက်လာတဲ့ ကုန်သည်ကြီးများက မဲဆောက်- မြ၀တီ ထိုင်း-မြန်မာနယ်စပ်တွင် ကုန်သွယ်ရေး လုပ်ငန်းများတိုးချဲ့ရန်၊ သာဆောင်ယမ်း၊ မဲလမတ်၊ မဲဆောက်၊ ဖုတ်ဖ၊ အုန်းဖန်မြို့နယ်များတွင် စက်ရုံ/ အလုပ်ရုံများ ပိုမိုတိုးချဲ့တည်ဆောက်ရန်၊ နယ်စပ်ဒေသသွားလာရေးနှင့် ဟိုတယ်လုပ်ငန်းများ တိုးချဲ့ရန် တို့ကို ဆွေးနွေးပြီး အစည်းအဝေးကို နေ့လည် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ပါတယ်။

No comments: