မဲဆန္ဒရှင် စာရင်းများ မှားယွင်း ပျောက်ဆုံးမှုများ နိုင်ငံအနှံဖြစ်ပေါ်နေကြောင်း အဖွဲ့ချုပ် ရွေးကောက်ပွဲ မာန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်းအား ယနေ့ဆက်သွယ် မေးမြန်းရာမှာ ပြောဆိုသွားပါတယ်...။ ယခုလက်ရှိအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် ကော့မှုးမဲဆန္ဒနယ်မှာ ရွာလုံးကျွတ် မဲစာရင်း ပျောက်ဆုံးမှုများ ရှိနေပြီး တချို့မဲဆန္ဒနယ်များမှာလည်း အသက်(၁၃)နှစ်အောက် ကလေးများ အများအပြား ပါဝင်နေကြောင်း ပြောဆိုပါတယ်..။ ယခုရရှိတဲ့ ယနေ့စစ်ဆေးလျှက် ရှိတဲ့ စာရင်းဟာလည်း ကော့မှူးမြို့နယ် မဲဆန္ဒရှင်စာရင်းရဲ့ တဝက်ခန့်သာ ရှိသေးပြီး နောက်ထပ် ထပ်မံ စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါသည်...။ မဲဆန္ဒနယ်အသီးသီးမှာ မှားယွင်းမှုများ ဖြစ်ပေါ်လျှက်ရှိပြီး နည်းတာနဲ့ များတာပဲ ကွာတယ်လို့လည်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်။
ထို့အပြင် ပြီးခဲ့တဲ့ အပတ်က ရွေးကောက်ပွဲ မာန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်း ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တဲ့ ဖားကန့်မြို့နယ်မှာလည်း တနိုင်ငံလုံးပုံမှန် မဲစာရင်းထုတ်ပြန်မှုထက် ၅ရက်ခန့် နောက်ကျနေပြီး ကလေးသူငယ်များ၊ သေဆုံးသူများ မဲဆန္ဒရှင် စာရင်းမှာ ပါဝင်နေသည့်အပြင် ရွာလုံးကျွတ် မဲဆန္ဒရှင်များ ပျောက်ဆုံးမှုများလည်း ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရပါသည်...။ သန်းခေါင်စာရင်း၌ ပါဝင်ပြီး မဲစာရင်း၌ မပါဝင်မှုများ၊ သေဆုံးသူစာရင်းများ အသက်မပြည့်သေးသည့် ကလေးစာရင်းများ၊ နေအိမ်မရှိပဲ လူစာရင်းများ ပါဝင်နေမှုများ လူတဦးမှ နေရာအနှံအပြား မဲပေးနိုင်ခွင့် စာရင်းမှာ ပါဝင်နေမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။ မဲစာရင်းများ မှားယွင်းဖော်ပြမှုများ မသမာမှုများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်များအား ညှိနှိုင်း ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်...။
အဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပဲ သပိတ်မှောက်ခဲ့သည့် ယခင် ၂၀၁၀ရွေးကောက်ပွဲမှာလည်း မဲသမာမှုများ ကြိုတင်မဲများဖြင့် အနိုင်ရယူမှုများ နေရာအနှံအပြားမှာ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်...။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကနေဒါနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ အဆိုပါမဲစာရင်း မှားယွင်းနေမှုများအား ထောက်ပြ ပြောဆိုသွားပြီး သေဆုံးသွားသူများလည်း မဲစာရင်းများမှာ ပါဝင်နေကြောင်း ထောက်ပြပြောဆို သွားပါတယ်...။
No comments:
Post a Comment