Monday, March 12, 2012

စိုင်းဘိုးအောင်၊ ဦးကျော်စွာစိုး နဲ့ ဦးဝင်းဇော်

         စိုင်းဘိုးအောင်၊ ဗဟိုအလုပ်အမှုဆောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ

 ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပါတီငယ်လေးတခု မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ နေရာပေါင်း ၁၅၇ ခုမှာ ၀င်ပြိုင်ပါတယ်။ ၅၇ နေရာမှာ အနိုင်ရပါတယ်။
သူတို့ပါတီက ပြည်ထောင်စုလွှတ်တော်မှာ တက်နေတာ ၂၁ ဦး ရှိပါတယ် တဲ့။ ပြည်ထောင်စုလွှတ်တော်မှာ ကြံ့ခိုင်ရေးနဲ့ တမတ်သားအုပ်စု ပြီးရင် အင်အား အကောင်းဆုံးပါပဲ။
လာမယ့်ရက် ၂၀ အကြာမှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ၄ နေရာပဲ ၀င်ပြိုင်မယ်လို့ သိရပါတယ်။
ဒီနေ့သတင်းစာမှာ ဖော်ပြတဲ့ သူတို့ရဲ့ ရုပ်သံဟောပြောချက်ကို - ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9E_EXQzTod6Z0EHV3qUZwbH1Gz9DKmKESYYnwVuY2LZ-4HXsQ52hvX75UvHP0hZWTA6Uuy89cAOnzsOAMVzhRnVGyqFnU6ct-ndmfk-F9MTowod5MXKlZbEksDu-aqninnzHY2FqzVC28/s1600/1q33+8+2333.jpg ဖတ်နိုင်ပါပြီ။
တခြားပါတီတွေလိုပါပဲ၊ အကြီးအကျယ်တွေ ပြောထားတာ တွေ့ရမှာပါ။

အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်

ဒီပါတီ နာမည်ကတော့ အထင်ကြီးစရာကောင်းပါတယ်။
၂၀၁၀ မှာ အသံကျယ်ကျယ်လှုပ်ရှားခဲ့တဲ့ပါတီတခုလည်း ဖြစ်ပါတယ်။


 အတွင်းရေးမှူး ဦးကျော်စွာစိုး
သူက ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။

 ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းဇော်
သူကတော့ မိတ္ထီလာမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပါ။ သူ့ပြိုင်ဘက်များထဲမှာ NLD က ဦးဝင်းထိန်၊ NLD ပါတီဝင်ဟောင်း ဒေါ်ခင်အေးမြင့်တို့ ပါဝင်ပါတယ်။
သူကိုယ်တိုင်လည်း NLD မှာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူပါ။

သူတို့ ၂ ယောက်ရဲ့ ဟောပြောချက်အပြည့်အစုံလည်း ဒီနေ့ မြန်မာ့အလင်းမှာ ဖတ်နိုင်ပါတယ်။

ဦးကျော်စွာစိုး - ဦးဝင်းဇော်
ပြောဆိုချက် - https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj45N61ZvCy0ylKMlSQucvuX4VjopNi4e331yryIAPbEak5rPxjTidBVBx60y9rXuQRcIuI0FvNHSr_2IuhjWXICdYT30j_j5w8wlahXeOr6wXT4TtEnHs35jOIYBS9OHinNQSRgcm1oJzc/s1600/1q33+8+2333+-2+party.jpg

No comments: