Tuesday, March 13, 2012

သဘောတူညီချက် မရသေးသည့် KIO ဆွေးနွေးပွဲ

         
ee(၃)ရက်ကြာ ဆွေးနွေးပြီး၊ သဘော တူညီချက် တစုံတရာ မရဘဲ ပြီးဆုံးသွားသည့် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် အစိုးရ အဖွဲ့တို့၏ ဆွေးနွေးပွဲ ယမာန်နေ့က ပြီးဆုံး သွားပါသည်။ အဆိုပါဆွေးနွေးပွဲသို့ KIO ဖက်မှ ဆွန်လွတ်ဂမ် ဦး ဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်  အစိုးရဖက်မှ ဦးအောင်သောင်း ဦးဆောင်သည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့က တရုတ်   နိုင်ငံ ရွှေလီမြို့တွင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။
“ကျနော်တို့ ဖက်ကတော့ အခုနေရာ ယူထားတဲ့ အစိုးရတပ်တွေက စစ်ရေးအရ စိုးမိုးဖို့အတွက် နေရာယူထားတာ ဖြစ်တဲ့အတွက် နောက်ဆုတ်ပေးရန် လိုအပ်ပါတယ်။ ဒါမှ အပစ်အခတ် ရပ်စဲရေးကို လက်ခံနိုင်မယ်လို့ တင်ပြပါတယ်။ အစိုးရ ဖက်ကတော့ အပစ်အခတ် ရပ်စဲပြီးမှ တပ်နေရာချထားရေးကို လုပ်မယ်လို့ ဆွေးနွေးတဲ့အတွက် သဘောတူညီချက် မရတာ ဖြစ်တယ်လို့ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါသည်။


         ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (ဓါတ်ပုံ - seattlepi.com)
 
သို့သော် ဆွေးနွေးပွဲအပြီး၊ နှစ်ဖက်သဘောထား ထုတ်ပြန်ချက်ထဲတွင် စစ်ရေး အရှိန်လျှော့ကျ လာမည်ဟု ယုံကြည်ပါသည် ဟုသာ ဆိုထားပါသည်။ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့နှင့် အစိုးရတပ်တို့သည်၊   ဆွေးနွေးပွဲလုပ်နေချိန်အထိ တိုက်ပွဲများ ဖြစ်ပွားလျှက် ရှိနေပါသည်။
နောက်ထပ်ဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားမည်ဟု သဘော တူထားသော်လည်း   နေ့ရက်နှင့်နေရာ ကိုမူ မသတ်မှတ်ရသေးဟု ဆိုပါသည်။
KIO သည် တပ်နေရာချထားရေးကို နှစ်ဖက်သဘောတူညီချက် ရပါမှ အပစ်အခတ် ရပ်စဲမည်ဆိုသော်လည်း လက်မှတ်ထိုး စရာတော့ မလိုတော့ဟုပြီးခဲ့တဲ့ မတ်လဆန်းက ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ကျင်းပ သွားသည့် သွေးစည်းညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ၏ သတင်းစာ ရှင်းလင်း ပွဲ၌ KIO ကိုယ်စားလှယ်က ပြောပါသည်။
KIO သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားရာက ၂၀၁၁ခုနှစ် ဇွန်လတွင် အစိုးရက   ပြန်လည်တိုက်ခိုက်ခဲ့ပါသည်။ အစိုးရသည်၊ နယ်ခြားစောင့်တပ် (BGF) ကို လက်မခံသော မည်သည့် တိုင်းရင်းသား အဖွဲ့အစည်းကိုမဆို တဖက်သတ် အပစ်အခတ် ရပ်စဲရေးကို ပယ်ဖျက်ခဲ့ပါသည်။

No comments: