KNPP နဲ့ အစိုးရတို့ဟာ နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံမယ့်အပေါ် နယ်စပ်မှ ကရင်နီ လူမှုအခြေပြု အဖွဲ့အစည်းများက ထောက်ခံကြိုဆိုကြောင်းနဲ့ သူတို့ရဲ့ အမြင်သဘောထားတွေကို မတ်လ ၅ ရက်နေ့မှာ ပေးပို့လိုက်ပါတယ်။
လာမယ့် မတ်လ ၇ ရက်နေ့မှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPPနဲ့ အစိုးရမှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ဟာ အပစ်ခတ်ရပ်ရေးသဘောတူညီမှုရရှိဖို့ အကောင်အထည်ဖော်ဆောင် သွားမှာ ဖြစ်ပါတယ်။
ကရင်နီ လူမှုအခြေပြု အဖွဲ့အစည်းများကထာက်ခံကြိုဆိုကြောင်း ဆွေးနွေးပွဲ ပြုလုပ်နေစဉ် (ဓါတ်ပုံ-ကေတီ)
လာမယ့် မတ်လ ၇ ရက်နေ့မှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPPနဲ့ အစိုးရမှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ဟာ အပစ်ခတ်ရပ်ရေးသဘောတူညီမှုရရှိဖို့ အကောင်အထည်ဖော်ဆောင် သွားမှာ ဖြစ်ပါတယ်။

ထိုကဲ့သို့ ဆုံးဖြတ်လုပ်ဆောင်ချက်အပေါ် တွေ့ဆုံဆွေးနွေးတဲ့အဖွဲ့နဲ့ ခေါင်းဆောင်များအား အင်အားတစုံတရာ ဖြစ်စေနိုင်ဖို့ရန်နဲ့ အထောက်အကူဖြစ်စေရန် နယ်စပ်အခြေစိုက် ကရင်နီလူမှု အသိုင်းအ၀ိုင်း CBO၊ အသင်းအဖွဲ့များက အမြင်သဘောထားများကို တင်ပြရခြင်းဖြစ်ပါတယ်။
“အပစ်အခတ်ရပ်စဲရေးကိစ္စကို သွားပြောတော့မယ်ဆိုတဲ့ အပေါ်မှာ လူမှုအသင်းအဖွဲ့တွေအနေနဲ့ လူထုတွေရဲ့ လိုအပ်ချက်ကို အခြေခံပြီးတော့မှ အကြံနိုင်အောင် CBO လူမှုအသင်းအဖွဲ့အစည်းတွေအနေနဲ့ ၀ိုင်းဆွေးနွေးကြတယ်။ သွားဆွေးနွေးမယ့်ဟာကို ထည့်သွင်းဆွေးနွေးနိုင်အောင် ကေအဲန်ပီပီအနေနဲ့ စဉ်းစားချက်တွေကတော့ ပါထားပြီးသား ရှိရင်လည်း ရှိမယ်။ ဒါပေမယ့် လူထုကို အခြေခံပြုပြီး ဒီဟာတွေ ပါသင့်တယ်လို့ ကျနော်တို့ စုစည်းပြီးတော့မှ ယူဆတဲ့အချက်တွေကို ထပ်လောင်းအကြံပြုတယ်” လို့ ကရင်နီ ဖွံ့ဖြိုးရေး သုတေသနအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခူတော်ရယ်က ပြောပါတယ်။
KNPP နဲ့ အစိုးရတို့အကြား ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ရိုးရိုးသားသား အခိုင်အမာ ဖြစ်စေချင်ပြီး၊ ဖွံ့ဖြိုးရေး လုပ်ငန်း လုပ်ဆောင်ရာမှာ လူထုသဘောတူလက်ခံနိုင်တဲ့ စီးပွားရေး ဖြစ်ရန်နဲ့ ကရင်နီ အပြင် တခြား တိုင်းရင်းသား အဖွဲ့အစည်းများ ပါဝင်နိုင်တဲ့ နိုင်ငံရေးနည်းလမ်းကို မကြာခင်မှာ အဖြေရှာနိုင်ရန်နဲ့ အချက်အားလုံး ၂၀ ချက်ကို KNPP အား ပေးပို့ထားပါတယ်။
တက်ရောက်တဲ့ ကရင်နီလူမှုအခြေပြု အဖွဲ့အစည်းများ
၁။ ကရင်နီ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မ ( KSWDC )
၂။ ကရင်နီ အမျိုးသမီး အစည်းအရုံး ( KNWO )
၃။ ကရင်နီ ဒုက္ခသည် ပင်မကော်မတီ ( KnRC )
၎။ ကရင်နီအမျိုးသား လူငယ် အစည်းအရုံး ( KNYO )
၅။ ကရင်နီ ကျောင်းသားများ သမဂ္ဂ ( KSU )
၆။ ကရင်နီ ကျောင်းဆရာ၊မ များ သမဂ္ဂ ( KnTU)
၇။ ကရင်နီ သတင်းစုဆောင်းရေး စင်တာ ( KDC)
၈။ ကရင်နီ လူမှုအသင်းအဖွဲ့ ဆက်စပ်ဆောင်ရွက်ရေး ကွန်ယက် ( KCSN)
၉။ ကရင်နီ နယ်လှည့် ကျန်းမာရေး ကော်မတီ ( KnMHC)
၁၀။ ကရင်နီ အမြဲစိမ်းလန်းစိုပြေရေးအဖွဲ့ ( KEG )
၁၁။ ကရင်နီ ဖွံ့ဖြိုးရေး သုတေသနအဖွဲ့ ( KDRG )
No comments:
Post a Comment