၂၀၁၂ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် KNPP အတွင်းရေးမှူးရုံးမှ စစ်ဦးစီးချုပ်ရုံး၊ ဒုစစ်ဦးစီးချုပ်ရုံး၊ ဗျူဟာမှူး၊ ခရိုင်မှူး အားလုံး နှင့် ပျောက်ကျားတပ်မှူး အားလုံးတို့ထံ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အမိန့်တွင် လက်ရှိ အစိုးရအနေနဲ့ စစ်တပ်အား ချုပ်ကိုင်ထားနိုင်ခြင်း မရှိကြောင်း၊ အပစ်အခက် ရပ်စဲရေး သဘောတူ ထားခဲ့သည့် KIA ၊ KNLA ၊ SSA နှင့် DKBA အဖွဲ့များနှင့် စစ်တပ်မှာ အပြန်အလှန် တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
KNLA နယ်မြေတွင် နယ်ခြား စောင့်တပ်များနှင့် တိုက်ပွဲ ဖြစ်ပွားရာတွင်လည်း စစ်တပ်သည် နောက်ကွယ်မှ အမိန့်ပေး စေခိုင်းခဲ့ကြောင်း၊ KIA နယ်မြေ အတွင်းတွင်လည်း အစိုးရနှင့် အပစ်အခက် ရပ်စဲရေး သဘောတူထားသော်လည်း စစ်တပ်မှ အင်အား တိုးချဲ့နေသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေကြောင်း၊ မိမိတို့ KNPP အဖွဲ့ဝင်များ အနေနှင့်လည်း ကရင်နီ နယ်မြေအတွင်း မည်သို့ ဖြစ်လိမ့်မည်ကို ကြိုတင် ခန့်မှန်း၍ မရနိုင်သဖြင့် စစ်ရေးသတိ အမြဲရှိရန်နှင့် ဖြန့်ခွဲနေထိုင်ခြင်း မပြုဘဲ စုစုစည်းစည်း နေထိုင်ပြီး စစ်တပ်၏ လှုပ်ရှားမှု သတင်းအား အမြဲမပြတ် စုံစမ်း လေ့လာ၍ သွားလာ လှုပ်ရှားကြရန် အကြောင်း ကြားကြောင်း ဖော်ပြ ထားရှိပါသည်။
KNPP အဖွဲ့သည် ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်နေ့က လွိုင်ကော် မြို့နယ်တွင် အစိုးရ နှင့် ပြည်နယ် အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပဏာမ သဘောတူညီချက် လက်မှတ် ရေးထိုးပြီး ဖြစ်ပါ သည်။
No comments:
Post a Comment