Wednesday, March 21, 2012

စည်းမရှိ ကမ်းမရှိ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ NLD ပါတီ


စည်းမရှိကမ်းမရှိသော NLD ပါတီ အဖွဲ့ဝင်များ

မတ်လ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ NLD ပါတီမှ ဘဏ္ဍာရေးအဖွဲ့ဝင် ဦးကြံအောင်၊ အောင်နိုင်ရေး ကော်မတီဝင် ဦးသောင်းတင်(ခ) ဦးဂျိုကာ၊ ဦးလှဝင်း၊ ဒေါ်အေးသူမွန်နှင့် ဒေါ်ဥမ္မာချို တို့သည် ကျွန်းစုမြို့နယ် ပန်လုံးအော် ကျေးရွာရှိ ကျော်ကျော်ဖြိုး ကုမ္ပဏီ အအေးခန်း စက်ရုံဝင်း အတွင်း သို့ တာဝန်ရှိသူများထံမှ ခွင့်ပြုချက် တောင်းခံခြင်း မရှိပဲ ကျူးကျော်ဝင်ရောက်ပြီး ကုမ္ပဏီ ရုံးခန်းနှင့် ၀န်ထမ်း အိမ်ယာများတွင် တစ်အိမ်တက်ဆင်း ပါတီတံဆိပ် ကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ ပြုလုပ် ခဲ့သဖြင့် ကုမ္ပဏီ လုံခြုံရေးများက ခွင့်ပြုချက်မရှိပဲ လာရောက်ဆောင်ရွက်သဖြင့် ချက်ချင်း နှင်ထုတ် ခဲ့ကြောင်း ဦးကြံအောင်ပါ (၄)ဦးသည် ကျွန်းပေါ်မှ ပြန်လည် ထွက်ခွာခဲ့ရကြောင်း သိရှိရသည်။

ထိုသို့ NLD အဖွဲ့ဝင် ဦးကြံအောင်ပါ (၄)ဦး တို့အား ကျော်ကျော်ဖြိုး ကုမ္ပဏီက ပိုင်ရှင်ခွင့်ပြုချက် မရှိပဲ ကုမ္ပဏီ လုပ်ငန်းခွင်အတွင်း ကျူးကျော်ဝင်ရောက်ပြီး အတင်းအဓမ္မ စတေကာများ ကပ်ခြင်း၊ ကုမ္ပဏီ တာဝန်ရှိသူများ အပေါ် မထီမဲ့မြင် ပြုလုပ်ခြင်းများ ဆောင်ရွက်ခြင်းအတွက် ဥပဒေအရ အရေးယူ ပေးပါရန် မြို့နယ် ကော်မရှင်နှင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။NLDပါတီအဖွဲ့ဝင်ဆိုပြီး လုပ်ချင်တိုင်းလုပ်မရတာကိုတော့ လူသိအောင် ပြမယ်ဆိုတဲ့သဘောပါ။

No comments: