













ပြန်စဉ်းစားကြည့်လေ (၁) အမေစု အမှားလား (၂) NLD အမှားလား (၃) လူအုပ်ကိုထိန်းသိမ်းမယ့် NLD ပါတီဝင် တွေရဲ့လိုအပ်ချက်လား (၄) ကျွန်တော့်တို့ပြည်သူတွေရဲ့ အမှားလား။ ရှင်းနေပါတယ် ချပြစရာမလိုတော့ပါ ထင်မြင်ချက် ပေးခိုင်းစရာ မလိုလောက်အောင်ရှင်းသည်။ (၁) အမေစု မမှားပါ။ (၂) NLD မမှားပါ။ (၃) လူအုပ်ကို NLD ပါတီဝင်တွေ မထိန်းသိမ်းခဲ့ပါ။ (၄) ကျွန်တော်တို့ တစ်ဦးချင်း စည်းကမ်းဖောက်ဖျက်မိသည်။ ထိုမှတစ်ဆင့်များလားသည်။ စည်းကမ်း ဖောက်ဖျက်သူတွေ များများလာသည်။ စည်းကမ်းဖောက်ဖျက်သူတွေ အုံနှင့်ကျင်းနှင့် ဖြစ်လာသည်။ အခြားပါတီတွေ အစိုးရ အဖွဲ့အစည်းတွေက အမေစုကို လက်ညိုးထိုးစရာ ဖြစ်လာသည်။ တစ်ကယ်ကိုက အမေစုနှင့်မဆိုင်ပါ ကျွန်တော်တို့ လိုက်နာရမည်သာပင်ဖြစ်လေသည်။
၇၀ % သော အမေစုကို လိုက်ပါကြိုဆိုသူ ဆိုင်ကယ်သမားများ ဦးထုပ်မဆောင်းပါ။ လမ်းပြောင်းပြန် မောင်းနှင်ခဲ့ကြသည်။ အချို့မှာ သုံးယောက်စီးကြသည်။ ဒါပြဿနာမရှိသေးပါ။ တစ်ဖက်ယာဉ်ကြောပိတ် ဆို့သွားပြီ သဘောပြောရရင် အဝေးပြေး လမ်းမကြီးမှာ အမေစု နှင့် ကြိုဆိုသူများ ဖြတ်သန်းရာ ရှေ့နောက် (၂)မိုင် ခန့် အတွင်း တစ်ဖက်ယာဉ်ကြောမှ ကားများ လုံးဝ လမ်းဘေးချ ရပ်ခဲ့ကြရတာပေါ့။ တစ်ချို့ NLD မော်တော်ပီကယ် များလဲရှိသေးသည်။ မဆိုင်သောယာဉ်ကြောမှ ကားများကို ဘေးချရပ်ခိုင်းခဲ့ကြသည်။ မြို့ထဲ မီးပွှိုင့်များတွင် မီးနီနေပါလျှက် မရပ်ပေးဘဲ ဇွတ်ဖြတ်သန်းခဲ့ကြသည်။ ထိုမျှမကသေးပါ။ တစ်ချို့ NLD မော်တော်ပီကယ် လေးများက လမ်းဆုံများကို အတင်းဆိုင်ကယ်များဖြင့် ၀င်ပိတ်ပေးကြသေးသည်။ အမေစု ယာဉ်တန်း အစမှ အဆုံး ဖြတ်သန်းသွားဖို့ ၂ နာရီ ကျော်ကြပါသည်။ တစ်ခြားယာဉ်များ အဲ့လောက် ထိုင်စောင့်ရတာ စိတ်ရှည်နိုင်ကြပါ့မလား။ သာဓက ပြောရရင်တော့ တံခွန်တိုင်အဝိုင်းတွင် အသုဘယာဉ်တန်းပိတ်မိခဲ့သည်။ (၁)နာရီခွဲကျော်ကြာ ထိုယာဉ်တန်း ဆက်သွားမရခဲ့ပါ။ စဉ်းစားကြည့် မော်တော်ပီကယ်တွေ ရောက်လာသည်အထိ တစ်နာရီခွဲပြီနော် ရှင်းလို့ရသွားလား မရသွားသလား ကျွန်တော် မသိခဲ့ပါ။


မော်တော်ပီကယ်တွေက အစိုးရ ၀န်ကြီးတွေ၊ အလှူတွေ၊ မသာကား တွေကောင် လမ်းရှင်းပေးတာပဲ ဘာကြောင့် မမေစု ယာဉ်တန်းကို မရှင်းပေးခဲ့သလဲ ကျွန်တော် အကောင်းမြင်သည့်ဘက်မှ တွေးကြည့်တော့ သူတို့မှန်တာပေါ့။ အမေစုက ကား အစီး (၂၀) (၃၀) လောက်ဘဲလာမယ်ဆိုရင်တော့ သူတို့ရှင်းပေးနိုင်မှာပေါ့။ သာဓက အနေနဲ့ ၄ ရက်နေ့ မနက်မှာ ဝိသုဒ္ဓာရုံတိုက်သစ်ကို အသွားလမ်းမှာ ဘယ်မီးပွှိုင့်များမိခဲ့သလဲ။ မန္တလေး အကြပ်ဆုံး လမ်း ၈၄ တောင် တစ်စက်မှ မနားခဲ့ရဘူး အမြန်မောင်းနှင် နိုင်ခဲ့တာပဲလေ။ နအဖလမ်းကြောင်းတစ်ခုကိုများ ကျွန်တော်တို့တစ်တွေ (၃)မိနစ်လောက် စောင့်ရပြီဆို ကျွန်တော်တို့ စိတ်ထဲက ကျိန်ဆဲမိတာအမှန်ပါပဲ။ ၂ နာရီ ၃နာရီလောက်ထိုင် စောင့်ရမယ့် ကား/ဆိုင်ကယ် တန်းကြီးတစ်ခုကိုတော့ တစ်ဖက်လူတွေ စိတ်ရှည်နိုင်မယ်မထင်ပါ။
ဒီတော့ ကျွန်တော်တို့ ပြင်ဖို့လိုပြီ၊ ကျွန်တော်တို့ စည်းကမ်းလိုက်နာဖို့လိုပြီ အမေစု အမြဲပြောပြောနေတယ် ဥပဒေကို လေးစားလိုက်နာဖို့လေ။ အခု တစ်လွဲစီ ဖြစ်နေပေါ့။ ဗိုလ်ချုပ် ရဲ့ ၁၉၄၇ ဇူလိုင် ၁၃ မိန့်ခွန်း မှာ(((ဗမာ့လွတ်လပ်ရေးတုန်းက အဲဒီတုန်းကဆိုလို့ရှိရင် လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျနော်တွေ့ခဲ့တာ၊ ဘာတွေ့သလဲဆိုရင် လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေလှန်းတယ်။ အဲဒီတော့ လမ်းသွားလမ်းလာလုပ်တဲ့သူတွေ အတော်ဂွကျတယ်။ အဲဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး။ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ့်တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တမျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ၊ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ပဲနဲ့၊ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ပဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ။ဒီတော့ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်။ အဲဒီတော့ လွတ်လပ်ရေးဆိုတာကို ကျနော်တို့ ရတဲ့အခါမှလည်း နားလည်ရမှာက ငါတို့ တိုင်းပြည်ဟာ ပိုပြီး စည်းကမ်းရှိဖို့လိုတယ်။ ငါတို့တိုင်းပြည်ဟာ လွတ်လပ်ရေး ရအောင်လည်းပဲ စည်းကမ်းရှိရှိနဲ့ လုပ်ရမယ်။ အဲဒီလိုအားဖြင့် စည်းကမ်းသဘောတွေကို နားလည်ပြီး စည်းနဲ့ကမ်းနဲ့ အလုပ်လုပ်ကြမှ လွတ်လပ်ရေးဆိုတာ တကယ်ရမယ်။အဲဒီတော့ကာ ခင်ဗျာတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီဆိုတာ ကျနော် ကနေ့ ပြောခဲ့ချင်တယ်။))) လို့ပါပါတယ်
အချုပ်ပြောရရင် ကျွန်တော်တို့ စည်းကမ်းရှိရှိ အားပေးဖို့လိုလာပြီ ပါတီစုံ ဒီမိုကရေစီစနစ်မှာ တစ်ခြားပါတီများ ရဲ့ လက်ညိုးထိုးမှုကို အခု NLD ခံနေရပြီလေ။ အဲ့ဒါ ဘယ်သူများ မကောင်းခဲ့သလဲ။


No comments:
Post a Comment