Wednesday, March 21, 2012

မြောင်းမြမြို့ NLD ပိုစတာများ ဖျက်ဆီးခံရ

ဓာတ်ပုံသတင်း
မတ် ၂၀၊ ၂၀၁၂

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် ၊ ရှမ်းရေကျော်ကျေးရွာ NLD ရုံးက ပိုစတာတွေ မတ်လ ၁၆ ရက်နေ့ညက ဖျက်ဆီးခံရပါတယ်။ NLD ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း မန်းဂျော်နီ နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါတဲ့ ပိုစတာတွေပါ။
သက်ဆိုင်ရာ မြို့နယ် ရဲစခန်းကို တိုင်ကြားမယ်လို့ ဆိုပါတယ်။“ဒါ ပြည်သူတွေကို ကြောက်လန့်အောင်လုပ်တာပဲ၊ ဒါပေမဲ့ အဲဒီက ပြည်သူတွေကိုတော့ စိတ်ရှည်သည်းခံပြီး ဆက်လက် အောင်ပွဲဝင်နိုင်အောင် ဆက်ပြီး ကြိုးစားပေးကြပါ၊ ဘာတုန့်ပြန်မှုမှ မလုပ်ပါနဲ့။ … ဥပဒေကြောင်းအရ ဆက်ပြီးရင်ဆိုင်သွားမယ်၊ လောလော ဆယ် တိုင်ချက်ဖွင့်ဖို့ ပြင်ဆင်ထားတယ်။ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခဏခဏ ပြောနေတဲ့ တရားဥဒေ စိုးမိုးမှု မရှိသေးဘူး ဆိုတာ ပြတာပဲ။ ဒါကြောင့် တရားဥပဒေ စိုးမိုးမှု ရှိတယ် ဆိုတာ ပြချင်ယင် ဒီကိစ္စကို ဖော်ထုတ် အရေးယူပေးဖို့ လိုပါတယ်” လို့ မန်ဂျော်နီက ပြောပါတယ်။

No comments: