၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းမှ ပြင်ဆင်နိုင်သည်ဟုဆိုသော်လည်း အဆိုပါ လွှတ်တော်အတွင်း၌ နိုင်ငံရေး ဆွေးနွေးခြင်းကို လုံး၀လက်ခံမည်မဟုတ်ကြောင်း UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီက ယမန်နေ့ကကျင်းပသော ထုတ်ပြန်ကြေငြာချက်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
“UNFC အနေနဲ့ အစိုးရက ကမ်းလှမ်းတဲ့ ၂၀၀၈ အခြေခံဥပဒေအတွင်း ဆွေးနွေးရေးကို လက်မခံပါဘူး။ လွှတ်တော် အတွင်း ဝင်ရောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကိုလဲ ကျနော်တို့လက်မခံပါဘူး။ နိုင်ငံရေးဆွေးနွေးပွဲအတွက် UNFC အဖွဲ့ ဝင်ကြားမှာ တူညီတဲ့အခြေခံမူ တူညီတဲ့ရည်မှန်းချက် တူညီတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ချမှတ်ထားပြီးသား ဖြစ်ပါတယ်” - သတင်းထောက်များအား UNFC ၏ တွဲဖက်အတွင်းရေးမှူး(၂) ခွန်ဥက္ကာက ပြောပြသည်။
UNFC ၏ အဓိက ရည်မှန်းချက်မှာ တပြည်လုံးအတိုင်းအတာ အပစ်ရပ်ကြရန်၊ နိုင်ငံရေးစကားဝိုင်းဖြစ်မြောက်လာရန်နှင့် အသိသက်သေအဖြစ် နိုင်ငံတကာမှ ထိုက်သင့်သူများမှ ဆွေးနွေးပွဲကို ဝိုင်းဝန်းကြပ်မတ်ပေးရန်စသဖြင့်ပါရှိကြောင်း ယမန် နေ့ က ထိုင်းနယ်စပ်တနေရာ၌ကျင်းပသော UNFC သတင်းစာရှင်းလင်းပွဲ၌ နိုင်ဟံသာက ပြောပါသည်။
“နှစ်ဖက်ဆွေးနွေးတဲ့အခါမှာ နိုင်ငံတကကာမှ ဘက်လိုက်မှုကင်းရှင်းတဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအပြင် ကျနော်တို့နိုင်ငံ မှာလဲ ကြားလူအဖြစ် စောင့်ြကည့်ပေးဖို့ဆိုရင် ဂုဏ်သရေရှိတဲ့လူတွေ၊ နိုင်ငံရေးမှာ တဖက်က ဩဇာရှိတဲ့သူတွေ၊ ပြည်သူ တွေ ထောက်ခံတဲ့သူတွေပါကို ပါရမယ် ” ဟု UNFC ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောပါသည်။
ပြည်တွင်းစစ် နှစ် ၆၀ ကျော်ပြီဖြစ်လာသဖြင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုကျဆင်းကာ တိုင်းပြည်စီးပွားရေးလည်း ကျဆင်းခဲ့ ကြောင်း၊ လူထုလည်း ဆင်းရဲကြပ်တည်းကြောင်း၊ အထူးသဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလည်း ဆုံးရှုံးနေကြောင်း၊ ပြည်တွင်းစစ်ရပ်တန့်အောင် မလုပ်နိုင်ဘဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲ တိုင်းပြည်အေး ချမ်းတိုးတက်ဖွံ့ဖြိုးမှုရနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားပြဿနာကို ဦးစွာဖြေရှင်းပြီးမှ နိုင်ငံတကာက စီးပွားရေးရင်းနှီးမြှုပ်နှံသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟုဆို၏။
“နိုင်ငံရေး ဆွေးနွေးနိုင်ဖို့အတွက် တပ်ပိုင်းဆိုင်ရာကတော့ အဆင်ပြေသလို အပေးအယူလုပ်နိုင်သလောက် လုပ်မယ်။ အစိုးရဖက်က ထိုးစစ်ဆင်လာပြီး နေရာယူထားပြီး အကြပ်ကိုင်တာမျိုးမဖြစ်အောင်လဲ သတိထားရမယ်။ ဒါကိုလဲတောင်း ဆိုထားတယ်။ ကျနော်တို့ဖက်က တပ်တချို့တွေ နေရာရွှေ့ဆိုင်းပေးဖို့လိုလာရင်လဲလက်ခံပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာဖို့အတွက် လုံခြုံရေးအတွက် ကြီးကြီးမားမား မထိခိုက်နိုင်ဘူးဆိုရင်တော့ လိုက်လျောမယ်” ဟုလည်း ပြောပါ သည်။
လက်ရှိနိုင်ငံရေးအခြေအနေအရ နိုင်ငံရေးမှာ ပြောင်းလဲသော အသွင်လက္ခဏာပေါ်လာသော်လည်း စိတ်မချနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် န၀တ၊ နအဖ အစိုးရမှ အဝတ်အစား ဘဲပြောင်းလဲခြင်းသာဖြစ်ပြီး အခြေခံအတွေးအခေါ် အရ မည်ရွေ့မည်မျှပြောင်းလဲနေသည်ကို စီစစ်နေဆဲဖြစ်ကြောင်း၊ နိုင်ငံတကာဖိအား၊ လူထုတောင်းဆိုမှုကြောင့် အထိုက် အလျောက် ပြောင်းလဲလာသည့်အပေါ် အခွင့်ကောင်းယူပြီး ကောင်းမွန်သော ပြောင်းလဲခြင်းဖြစ်အောင် ဆွေးနွေးသွား မည်ဖြစ်ကြောင်း နိုင်ဟံသာနှင့် ခွန်ဥက္ကာတို့က တလှည့်စီ ဖြေကြားပြောဆိုခဲ့ကြောင်း သိရပါသည်။

No comments:
Post a Comment