Sunday, April 15, 2012

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုအပေါ်ကျေနပ်မှုရှိကြောင်း ဒေးဗစ်ကင်မရွန်း ပြောကြား

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုအပေါ်ကျေနပ်မှုရှိကြောင်းနှင့် မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့ထားမှုများအား လျှော့ချရန်ရှိသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယနေ့ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံအပြီး စာနယ်ဇင်းများအား ပြောကြားသည်။
"မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့ထားမှုတွေကိုလျှော့ချရတော့မှာဖြစ်တယ်၊ ဒါပေမယ့် လျှော့ချမှာနော် ရုတ်သိမ်းဦးမှာမဟုတ်ဘူး"ဟုသူကပြောသည်။
"ဒီကနေ့ သမ္မတဦးသိန်းစိန်နဲ့တွေ့ခဲ့တုန်းကလဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲနေမှုတွေအကြောင်းပြောဖြစ်ခဲ့ပါသေးတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို ကျွန်တော်တို့အားပေးပါတယ်။ အဲဒီအတွက် ကမ္ဘာတစ်ဝန်းက တုန့်ပြန်မှုတွေရှိလာကြမှာပါပဲ။ သို့သော်သတိနဲ့တုန့်ပြန်ကြမှာပါ။ ပြုပြင်ပြောင်းလဲမှုတွေကို သတိနဲ့စောင့်ကြည့်နေကြမှာပါ။ ဒါကြောင့်လည်း လုံးလုံးရုတ်သိမ်းဦးမှာမဟုတ်ဘူးလို့ပြောရတာပါ။ ပြီးတော့ လက်နက်နဲ့ သင်္ဘောတွေဝင်ထွက်ခွင့်လည်း အဲဒီအထဲမှာ ပါဦးမှာမဟုတ်ပါဘူး"ဟုလည်း သူကဆက်ပြောပါသေးသည်။

“ နိုင်ငံရေးဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင်တိုးတက်လာတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ၁၇ နှစ် ကျော်ကြာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေကို ဒီလပိုင်း နှစ်ပိုင်းအတွင်းမှာ ရှင်းလင်းစစ်မှန် တဲ့နိုင်ငံရေးဖြေရှင်းမှုတွေနဲ့ဖြေရှင်းနိုင်ဖို့လိုအပ်တယ်လို့မြင်ပါတယ်။ တစ်ကမ္ဘာလုံးကစောင့်ကြည့်နေရတဲ့ ဒေါ် အောင်ဆန်းစုကြည် နိုင်ငံ့အရေးတွေမှာ ပါဝင်လာမှုတွေကြောင့် လွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ဟာ ဖြစ်ပေါ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်”ဟု ၄င်းက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။
၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပက်သက်၍ နှစ်ပေါင်းများစွာနေအိမ်အကျယ်ချုပ်ဘ၀တွင်နေ ထိုင်ခဲ့ပြီး ယနေ့လို အခြေအနေမျိုးရပ်တည်ထားနိုင်မှုအပေါ်၌လည်း ဂုဏ်ယူပါကြောင်းသူကဆိုသည်။

"ဦးသိန်းစိန်ဟာ တစ်ကယ်ကို ပြုပြင်ပြောင်းလဲရေးတွေလုပ်မှာလို့ ကျွန်မယုံကြည်ပါတယ်။ အဲဒီအတွက် ၀န်ကြီးချုပ် မစ္စတာ ကင်မရွန်းအနေနဲ့ ပိတ်ဆို့ထားမှုတွေကိုလျှော့ချမယ်ဆိုတော့ ကျွန်မအင်မတန်ပဲ ၀မ်းမြောက်မိပါတယ်"ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါသည်။

ဒေးဗစ်ကင်မရွန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ် အလည်အပတ်ရောက်လာသော ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သည်


Popular Myanmar News Journal

4 comments:

twttaygn said...
ကြိုဆိုပါတယ်။ မြန်မာပြည်အမြန်ဆုံး စည်ပင်သာယာဝပြော လာမှာပါ။ တခြားအိမ်နီးချင်း နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင် လာပြီး ပျော်ရွှင်သော အနာဂတ် လူ့အခွင့်အရေးပြည့်ဝသော နိုင်ငံတော်အမြန်ဆုံးဖြစ်လာမှာပါ။
Ko Shwethee said...
အဲလိုလုပ်စမ်းပါ.. မစ္စတာရယ်... မစ္စတာတို့ ယူသွားတာတွေက မြန်မာနိုင်ငံမှာမရှိသလောက်ဖြစ်ကုန်းပြီး... ကျန်တာလေးတွေလည်း ကိုနေ၀င်းနဲ့ ကိုသန်းရွှေတို့က ယူလိုက်ပြန်တယ်.. ဒီကြားထဲ စီးပွါးရေးက ပိတ်ထားပြန်နဲ့... မစ္စတာတို့ရယ်... မြန်မာပြည်သူတစ်ယောက်အဖြစ် တစ်နေ့လောက် မြန်မာပြည်မှာ လာနေကြည့်စမ်းပါဗျာ...
honey said...
စီးပွါးေ၇းပိတ်မှစစ်အာဏာရူးတွေမတည်မြဲအောင်ပါ။ သူတို့ယနေ့ထိရပ်တည်တည်မြဲနေတာကတိုင်းပြည်ကထွက်နေတဲ့ သယံဇာတတွေကြောင့်သူတို့စစ်အုပ်စုတွေ သန်းကြွယ်သူဌေးတွေဖြစ်ကုန်လို့ အာဏာမြဲနေခဲ့တာပါ။ဘာမှမထွက်ကြည့် သူတို့ကိုယ်တိုင်ကြပ်တည်းလာရင်ပြောင်းလဲလာမှာလေ။ သူတို့မကြပ်တည်းဘူး။ခုတော့တိုင်းပြည်အတွက် ကြပ်တည်းနေသလိုခံစားနေရပြီမို့အခြေနေပြောင်းလဲလာတာလား။ ဒါမှမဟုတ်ဦးသန်းရွေမိသားစုလူတောထဲဝင်မတန့် တော့လို့ဝင်တန့်ချင်လာတာလား။ တခုခုပါပဲ......
tout tout said...
အာဏာရှင်စံနစ်ကလည်း တကယ်ချုပ်ငြိမ်း၊ ဒီမိုကရေစီ သို့မဟုတ် good government clean government ကလည်းတကယ်ထွက်ပေါ်၊ သြော်-ဘာမကောင်းတာမှ ဖြစ်စရာမရှိပါဘူး။ မြန်မာသမိုင်း အရုပ်ဆိုးအကျည်းတန်ခဲ့တာတွေ နှစ်ဟောင်းမှာပဲ ကျန်ရစ်ခဲ့ပါစေတော့။ မြန်မာနှစ်သစ်မှာ ပျော်ရွှင်ဘွယ်သတင်းတွေ မင်္ဂလာစကားသံတွေ ထွက်ပေါ်အောင် ကြိုးပမ်းနေကြသူအားလုံး ဘေးဘယာဝေးကွာလို့ ကိုယ်စိတ်နှစ်ပါး ရွင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

No comments: