မြောက်ကိုရီးယားနိုင်ငံသည် ဧပြီလ ၁၃ ရက်နေ့၊ နံနက် ၇ နာရီ ၃၉ မိနစ်တွင် အာကာသအတွင်းသို့ ကိုယ်ပိုင် ဂြိုလ်တု တစ်စင်းအားပစ်လွှတ်ခဲ့ပါတယ်။ အဆိုပါဂြိုလ်တုအား မြောက်ကိုရီးယားနိုင်ငံသည် ၄င်းတို့နိုင်ငံထုတ် Unha-3 တာဝေးပစ်ဒုံးကျည်အား အသုံးပြုခဲ့ပါသည်။ ဂြိုလ်တုပစ်လွှတ်ခြင်းအား မြောက်ကိုရီးယားနိုင်ငံ၊ အနောက်မြောက်ပိုင်း Tongchangri ခရိုင်၊ Pyongan-pukdo ဒေသတွင်ရှိသော ဒုံးပစ်စင်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ပစ်လွှတ်ပြီး ၁ မိနစ်အကြာ အမြင့်ပေ ၄၁၀၀၀၀ (ကီလိုမီတာ ၁၂၀ ) ခန့်တွင် အစိတ်အပိုင်း ၄ ခုကွဲထွက်ပြီး ပေါက်ကွဲပျက်စီးသွားပါသည်။ အစိတ်အပိုင်းများမှာ တောင်ကိုရီးယားနိုင်ငံ အနောက်ဘက်ခြမ်း Gundan ဒေသမှ ကီလိုမီတာ ၂၀ အကွာရှိ ပင်လယ်ဝါအတွင်းသို့ ကျရောက်ခဲ့ပါတယ်။ အပျက်အစီးအပိုင်းအစများအား တောင်ကိုရီးယားနိုင်ငံ တပ်မတော်နှင့် အမေရိကန်စစ်သည်များ ပူးပေါင်းရှာဖွေလျှက်ရှိပါတယ်။ ဒုံးကျည် ပျက်ကျမှုကြောင့် တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင် လူပစ္စည်း အသေအပျောက် အပျက်အစီး မရှိကြောင်းသိရပါတယ်။
![]() |
| မြောက်ကိုရီးယားမှ Unha-3 Rocket |
မြောက်ကိုရီးယားမှ ကိုယ်ပိုင်ဂြိုလ်တုလွှင့်တင်မှုအား အမေရိကန်အပါအ၀င် အနောက်အုပ်စုမှ အပြင်းအထန် ကန့်ကွက်ခဲ့ကြပါသည်။ မြောက်ကိုရီးယားသည် နျူကလီးယား ပြဿနာများကြောင့် အနောက်အုပ်စုမှ အဓိကထား စောင့်ကြည့်နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။
![]() |
| မြောက်ကိုရီးယားဂြိုလ်တု၏ ပတ်လမ်းကြောင်းပုံ |


No comments:
Post a Comment