ပန်ဆန်း၊ ဧပြီလ ၁၁ ရက်
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ကောင်းဟုန်ရပ်ကွက်ရှိ ၀ နှစ်ခြင်းအသင်း ကျောင်းတော်တွင် ၀ နှစ်ချင်းခရစ်ယန်အဖွဲ့ချုပ်၏ အုပ်ချုပ်ရေးနှင့် စီမံရေး အစည်းအဝေးပွဲကျင်းပမှာဖြစ်ပြီး ၄င်းအစည်းအဝေးပွဲနှင့် ဆက်လက်ပြီး ဒုတိယအကြိမ်မြောက် သင်းလုံးကျွတ်ညီလာခံအား ၁၀ ရက် ကျင်းပ သွားမှာ ဖြစ်ပါတယ်။ ပွဲတော်အား ဧပြီလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့ အထိ ကျင်းပမှာဖြစ်ပါတယ်။
ဧပြီလ ၁၈ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့အထိ အဖွဲ့ချုပ်နှင့် အမျိုးသမီးဌာန၊ အမျိုးသမီးခေါင်းတောင်မြှင့်တင်ရေးသင်တန်းအား ဖွင့်လှစ်မှာဖြစ်ပါတယ်။ ဧပြီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိအား ၀ နှစ်ခြင်းခရစ်ယန်အဖွဲ့ အုပ်ချုပ်ရေးနှင့် စီမံရေး အစည်းအဝေးပွဲနှင့် သင်းလုံးကျွတ် ဓမ္မသဘင်ပွဲအား ကျင်းပမှာဖြစ်ပါတယ်။
ပွဲတော်အခမ်းအနားသို့ UWSA အဖွဲ့မှ နိုင်ငံရေးအတိုင်ပင်ခံ ဥက္ကဌ ဦးပေါ်လိုက်ခမ်း၊ UWSA မှ တပ်မဟာမှူးများနှင့် ခရိုင်/မြို့နယ်အသီးသီးမှ တာဝန်ရှိသူတို့ တက်ရောက်ကြမှာဖြစ်ပါတယ်။
No comments:
Post a Comment