Wednesday, April 04, 2012

ကျောက်ပန်းတောင်းမြို့ရှိ ဆောက်လက်စ ဗလီ ဖျက်ဆီးခံရ

မန္တလေးတိုင်း၊ ကျောင်းပန်းမြို့၊ ပြည်တော်သာရပ်ကွက်၊ ရွှေတန်ဆာလမ်း၊ မဟာသယဗ္ဘူဘုရားအနီးရှိ ဦးနေထွန်းဆိုသူ၏ ခြံဝင်းအတွင်းရှိ ဆောက်လက်စ ဗလီအဆောက်အဦသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ညတွင် ဖြိုချဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။မတ်လ ၃၀ ရက်နေ့ည (၇) နာရီဝန်းကျင်တွင် ရာပေါင်းများစွာသော မြို့ခံလူအုပ်ကြီးက ဗလီကိုဖြိုချဖျက်ဆီးရန်ရောက်လာခဲ့သည်။“ရာပေါင်းများစွာသော လူအုပ်ကြီးက ဗလီကို ဖျက်ဆီးဖို့ ဝိုင်းလာကြတယ်။ ဒီချိန်မှာ သံဃာတော်များကလဲ ကား ၇ စီးနဲ့ ရောက်လာတယ်။ ရောက်လာပြီးတော့ လူတွေကို မဖျက်ဆီးဖို့ တားသေးတယ်” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။ သံဃာတော်များက ဖျောင်းဖျတားဆီးသော်လည်း လူထုက ဗလီကို ဖျက်ဆီးရန် စိတ်အား ထက်သန်နေသောကြောင့် သံဃာတော်များမှ တားမြစ်စည်းတစည်း၊ မြို့နယ်အာဏာပိုင် များပါဝင်သော မြို့နယ် စည်ပင်မှ တားမြစ်စည်းတစည်းတို့ဖြင့် လူထုအား တားဆီးထားကာ ဘူဒိုဇာဖြင့် ဗလီကို ဖြိုချဖျက်ဆီးပေးခဲ့ကြောင်း သူက ဆက်ပြောသည်။ထိုသို့ ဖြိုချဖျက်ဆီးမှုသည် ည (၁၁) နာရီခန့်တွင် ပြီးဆုံးသွားပြီး ဗလီဖျက်ဆီးရန် လာရောက်သော လူထုသည်လည်း ၎င်းအချိန်မှစ၍  ပြန်လည် ထွက်ခွါသွားကြကြောင်း သူကဆက်လက်ပြောဆိုသည်။မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် အရင်က ဗလီမရှိခဲ့ကြောင်း၊ ဗလီဆောက်လုပ်သော အခါတိုင်းတွင်လည်း ယခုကဲ့သို့ ဖြိုချဖျက်ဆီးခြင်း ခံရကြောင်း ထိုမြို့မှ သိမှီသူတဦး၏ ပြောပြချက်အရ သိရသည်။

No comments: