Monday, April 02, 2012

ကလိုထူးဘောအဖွဲ့အား ကလိုထူးဘောကရင်အစည်းအရုံးအဖြစ်ပြောင်း



          ၂၀၁၂ ဧပြီလ ၁ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မြ၀တီမြို့နယ် ဆုံဆည်းမြိုင်ကျေးရွာတွင် ကလိုထူးဘော အဖွဲ့မှ ဗိုလ်ချုပ်စောလားဘွယ် ခေါင်းဆောင်ပြီး ညီလာခံတစ်ရပ် ကျင်းပခဲ့ပါတယ်။ အစည်း အဝေးကို ကလိုထူးဘောတပ်ဖွဲ့မှ ဗိုလ်ချုပ်စောလားဘွယ်
ခေါင်းဆောင်သော အဖွဲ့ဝင်များ၊ KNLA မှ အဖွဲ့ဝင်များ၊ ABSDF အဖွဲ့ဝင်များ၊ KNU အကြံပေးဘုန်းကြီး၊ ဘာသာရေးခေါင်းဆောင် ဖာသာဂျက်စတင်း၊ ဆရာတော် စွန်ချိုင်းနှင့် ရဟန်းတော်များ၊ ဆုံဆည်းမြိုင် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်မှ ရွာလူကြီးများ အပါ အ၀င် (လူ ၂၀၀ခန့်) တက်ရောက်ခဲ့ပါတယ်။


ကလိုထူးဘော အဖွဲ့မှ ဗိုလ်ချုပ်စောလားဘွယ်

          ညီလာခံတွင် ဗိုလ်ချုပ်စောလားဘွယ်မှ ကလိုထူးဘော တပ်ဖွဲ့အား ကလိုထူးဘော ကရင်အစည်း အရုံး ( KKO-KLOHTOOBAW KAREN ORGANIZATION ) အဖြစ်ပြန်လည် ဖွဲ့စည်းပြီး စစ်အာဏာ အုပ်ချုပ်ရေး၊ အရပ်ဘက် အုပ်ချုပ်ရေးဆိုပြီး၊ အရပ်ဘက် အုပ်ချုပ်ရေးအား အဖွဲ့ဝင်များ ရွေးချယ်တင် မြှောက်သည့် ဥက္ကဌတစ်ဦး ရွေးချယ်ပြီး အုပ်ချုပ်စေမှာ ဖြစ်ကြောင်းနှင့် ဧပြီလ ၂ ရက်နေ့တွင် ဆက်လက် ကျင်းပမယ်လို့ ပြောကြားခဲ့ပါတယ်။


No comments: