မြ၀တီ၊ ဧပြီလ ၅ ရက်
ကရင်အမျိုးသား အစည်းအရုံး ဗဟိုဦးဆောင်ကော်မတီမှ နော်စီဖိုးရာစိန် ခေါင်းဆောင်သော ငြိမ်းချမ်း ရေးကိုယ်စားလှယ်အဖွဲ့ဟာ
ရန်ကုန်မြို့တွင် ဧပြီလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲအပြီးမှာတော့ NLD နဲ့ ဆက်လက် ပြုလုပ်မဲ့ တွေ့ဆုံပွဲမှာ NLD ပါတီအနေနဲ့ ချမှတ်ထားတဲ့စစ်မှန်တဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေး၊ ပြည်တွင်းစစ်ရပ်ဆဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ၊ တိုင်းရင်းသားတွေနဲ့ ပတ်သတ် လို့ NLDက ချမှတ်ထားတဲ့ တိုင်းရင်းသားမူတွေကို ဆက်လက်တွေ့ဆုံ ဆွေးနွေးမှုတွေပြုလုပ်မှာဖြစ်ပြီး ကရင် အမျိုးသားအစည်းအရုံး ဗဟိုဦးဆောင် ကော်မတီ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ အပစ်အခတ်ရပ်ဆဲရေး၊ လူ့အခွင့်အရေး တိုးတက်ရေးကိစ္စရပ်တွေ ကို ဆွေးနွေးသွားမှာဖြစ်တဲ့ အကြောင်း သိရ ပါတယ်။

No comments:
Post a Comment