ရန်ကုန် ရခိုင်သင်္ကြန် စတင်ပြီ
အစဉ်အလာမပျက် နှစ်စဉ်ကျင်းပ လျှက်ရှိသော ရန်ကုန်မြို့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ယနေ့ ဧပြီလ ၁၂ ရက်နေ့တွင် ဘုရားရေ သပ္ပါယ်ပြီး စတင် ကျင်းပမည် ဖြစ်သည်။" မနေ့ ဧပြီလ ၁၁ ရက်နေ့မှာတော့ နံ့သာ သွေးပွဲ လုပ်တယ်။ ဒီနေ့မှာတော့ ဘုရားကို ရေသပ္ပါယ်မယ်။ ရေသပ္ပါယ်ပြီးရင်တော့ ရေကစားလို့ ရပြီပေါ့။ မနေ့က စပြီးတော့ သိမ်ဖြူကွင်းမှာ ရခိုင်ရိုးရာ သင်္ကြန် မဏ္ဍပ်တွေ ဖွင့်ပွဲနဲ့ ရေကစားပွဲကို စတင် ကျင်းပမှာ ဖြစ်ပါတယ်" ဟု သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး ကော်မီတီမှ ဖျော်ဖြေရေး ဆပ်ကော် မတီဝင် ကိုကျော်မင်းခိုင်က နိရဉ္စရာသို့ပြော သည်။
ယခုနှစ်တွင် မြို့နယ်များကို ကိုယ်စားပြုသည့် မဏ္ဍပ် ၁၂ ခုပါဝင်မည် ဖြစ်ပြီး စည်ကား သိုက်မြိုက်စွာကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ရန်ကုန် ရခိုင် သင်္ကြန်ပွဲတော်ကို ဧပြီ ၁၁ရက်တွင် ရခိုင်ရိုးရာနံ့သာသွေးပွဲ၊ ဧပြီ ၁၂ ရက်တွင် ဘုရား ရေသပ္ပာယ်ပွဲနှင့် သင်္ကြန်ပွဲ တော်ဖွင့်ပွဲ ပြုလုပ်မည် ဖြစ်ပြီး ဧပြီ ၁၃ ရက်နေ့မှ ၁၆ရက် အထိ ရခိုင်ရိုးရုာ အစဉ်အလာအတိုင်း ရေလောင်းပွဲကို ကျင်းပမည်ဟု သူက ပြောသည်။
ယခုနှစ်ကျင်းပသည့် ရန်ကုန် ရခိုင်သင်္ကြန်မှာ ၉ ကြိမ်မြောက် ဖြစ်ပြီး သိမ်ဖြူကွင်းတွင် ကျင်းပခွင့် ရသည်မှာလည်း နောက်ဆုံးနှစ် ဖြစ်ကြောင်း သိရသည်။
" သိမ်ဖြူကွင်းမှာ ကျင်းပမယ့် ဒီနှစ် ရိုးရာ ရခိုင်သင်္ကြန်ဟာ ၉ ကြိမ်မြောက်ဖြစ်ပါတယ်။ ပြီးရင် ဒီနှစ်ပွဲဟာ သိမ်ဖြူကွင်းမှာ ပြုလုပ်ခွင့်ရတာဟာ နောက်ဆုံးနှစ် ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ နောက်နှစ်မှာ သိမ်ဖြူကွင်း ကျွန်တော်တို့ သင်္ကြန်လုပ်တဲ့ နေရာဟာ စီမံကိန်းကြီးတွေ ၀င်လာတော့မယ် အတွက် ဖြစ်ပါတယ်။ အဲဒါကြောင့် ရခိုင်ရိုးရာ သင်္ကြန်ကို ခါတိုင်းနှစ်ထက် အထူးစည် ကားအောင် ကျင်းပဖို့စီစဉ် ထားပါတယ်" ဟု ကိုကျော်မင်းခိုင်က ဆက်ပြောသည်။
ရခိုင် သင်္ကြန်ပွဲတော် ကျင်းပရေး ကော်မီတီ ဥက္ကဌမှာ ဒေါ်စောခင်တင့် ဖြစ်ပြီး ဒုဥက္ကဌ ဦးဦးလှမြင့် (ရခိုင်သားကြီးစာပေ)နှင့် အတွင်းရေးမှူး ဒေါက် တာဦးစံလှကျော်ဖြစ်ကြသည်။သဘာပတိများ အဖြစ် ၀န်ကြီး ဦးဇော်အေးမောင်၊ ဦးခင်မောင်စိုးနှင့် တခြားအမှုဆောင် များတို့ ဖြစ်ကြသည်။
ယခုနှစ် ပွဲတော်တွင် လေးဝတီအဖွဲ့က အဆိုအကများဖြင့် နေ့စဉ် ရက်ဆက် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။
ပုဏ္ဍားကျွန်း ရခိုင်ရိုးရာ သင်္ကြန် မေးခွန်းထုတ်ခံရ
ပုဏ္ဏားကျွန်းမြို့တွင် လွန်ခဲ့သောအပတ်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ဦးစီးပြီး ပြုလုပ်ခဲ့သည့် ရခိုင်ရိုးရာ သင်္ကြန် ဖြစ်မြောက်ရေး အစည်းအဝေးတွင် ရခိုင်ရိုးရာ သင်္ကြန်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခံ ခဲ့ရသည် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။ " အဲဒီနေ့က အစည်းအဝေးကို ဌာနဆိုင်ရာ ဦးစီးများနဲ့ မြို့ပေါ် ရှိ ရပ်ကွက် (၄)ခုမှ အုပ်ချုပ်ရေးမှူးတွေ တက်ရောက်ခဲ့ပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူး က မြန်မာရိုးရာ သင်္ကြန်ပွဲတော်ကို ကျင်းပမယ်ဆိုပြီး ဆွေးနွေးတဲ့ အခါ တစ်ချို့က ရခိုင်ရိုးရာ ဓလေ့ထုံးစံ အတိုင်း နံ့သာသွေး၊ ဘုရား ရေသပ္ပါယ်ပြီးမှ သင်္ကြန်ပွဲတော်ကို ကျင်းပမယ်ဆိုတော့ ဦးညီညီအောင်က ဘုရား ရေမသပ္ပါယ်ဘဲ ရေကစားရင် ဘာပြဿနာ ရှိသလဲလို့ မေးပါတယ်" ဟု ပြောသည်။
ထိုအစည်းအဝေးတွင် ပုဏ္ဍားကျွန်း မြို့ သင်္ကြန်ကို ရခိုင်ရိုးရာ အစဉ်အလာမှ သွေဖယ်ပြီး မြနန္ဒာ သီချင်းဖြင့် ဖွင့်ပွဲကို ပြုလုပ်ကာ မြန်မာမူ ပြုလုပ်ကျင်းပရန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောဆိုခဲ့ကြောင်း သိရသည်။ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရ လက်ထက်မှ စတင်ပြီး ရခိုင်ရိုးရာ သင်္ကြန်ကျင်းပရေးကို အားပေး အားမြှောက် ပြုလုပ်ခြင်း မရှိဘဲ မြန်မာပုံစံ သင်္ကြန်ကို ကျင်းပခဲ့သည့် အတွက် ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ် များဆောက်လုပ်ပြီး ကျင်းပပြုလုပ်သည့် ရခိုင်ရိုးရာ သင်္ကြန်မှာ မြို့အတော်များများတွင် တိမ်ကော ပပျောက်ခဲ့ရသည်။ယခုအခါ ဒေသ ဓလေ့ထုံးတန်းစဉ်လာနှင့် အညီ ရခိုင် သင်္ကြန်ပွဲများကို ကျင်းပခွင့်ပြု ခဲ့သော်လည်းတစ်ချို့သော မြို့နယ်အုပ်ချုပ်ရေးမှူးများသည် မြန်မာသင်္ကြန်ကဲ့သို့ မြနန္ဒာ တေးသီခြင်း ဖွင့်ပြီး သင်္ကြန်မဏ္ဍပ်များကို ဖွင့်လှစ်ရန် ညွန်ကြားထားကြောင်း သိရှိရသည်။
" ကျွန်တော်တို့က ဒီနှစ်မှာတော့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် စစ်စစ်ကို ကျင်းပသွားချင်ပါတယ်။ ရခိုင် အမျိုးသားတို့၏ ထုံးတမ်းစဉ်လာနှင့်အညီ ဧပြီလ ၁၃ ရက်နေ့ ညနေမှာ ဘုန်းတော် ကြီးကျောင်း အသီးသီး မှာရှိတဲ့ ဘုရားဆင်းထုတော်တွေကို နံ့သာရည်နဲ့ ရေသပ္ပါယ်ပြီးမှသာ သင်္ကြန်ဖွင့်ပွဲကို လုပ်ပြီး ရေပက် ကစားခြင်း အမူကို ပြုလုပ်လိုပါတယ်။ ဒီအတိုင်းလည်း ကျင်းပသွားမှာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။
၎င်းပြင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးစီးပြီး ပြုလုပ်မည့် ဗဟိုမဏ္ဍပ် အတွက် စံပြရပ်ကွက်နေ ပြည်သူများ ထံမှ ငွေ (၆၀၀၀၀) ကျပ်၊ မြို့သစ်ရပ်ကွက်နေ ပြည်သူများထံမှ ငွေ (၃၀၀၀၀)ကျပ်၊ အလယ်စု ရပ်ကွက်နေ ပြည်သူ များ ထံမှ ငွေ (၂၀၀၀၀)ကျပ်၊ ရွာဟောင်းရပ်ကွက်နေ ပြည်သူများထံမှ ငွေ (၃၀၀၀၀) ကျပ် တောင်းခံ ထားကြောင်း သိရသည်။ ယခုကဲ့သို့ ဗဟို မဏ္ဍပ် အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး မှ ငွေကောက်ခံခြင်းကို ဒေသခံများက မကျေမနပ် ဖြစ်နေကြပြီး မြို့နယ် အုပ်ချုပ်ရေးမှူး အနေဖြင့် မြို့ပေါ် ဆိုင်ခန်းများ ငှားရမ်းထားသော လစဉ်ကြေးငွေများကို သုံးစွဲပြီး ဗဟိုမဏ္ဍပ်ကို ပြုလုပ်သင့်ကြောင်း ဒေသခံ များက ပြောဆိုနေကြကြောင်း သတင်းရရှိသည်။
ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိ မြို့များတွင် ရခိုင်ရိုးရာ သင်္ကြန်ရေကစား မဏ္ဍပ်များကို မြန်မာလူမျိုးတို့၏ ထုံးတမ်းစဉ်လာအတိုင်း ပြုလုပ်ကျင်းပစေရန် ညွန်ကြားထားပြီး ယဉ်ကျေးမှု ၀ါးမျိုခြင်း ခံနေရကြောင်း သိရသည်။

မလေးရှားတွင် ပထမအကြိမ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပမည်
မလေးရှား ရခိုင်အသင်းပေါင်းချူပ်ကြီး MAO(Malaysia Arakan Organization) မှကြီးမူး၍ ပထမဆုံး အကြိမ်မလေးရှားနိုင်ငံ ရခိုင်းရိုးရာသင်္ကြန်ပွဲတော်ကြီးကို ဧပြီ ၁၃ ရက်နေ့တွင် စည်းကား သိုက်မြိုတ်စွာ ကျင်းပသွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ယခုကဲ့သို့  ရခိုင်းရိုးရာသင်္ကြန်ပွဲတော်ကို မလေး ရှားနှိင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပရန် စီစဉ်ရသည့် ရည်ရွယ်ချက်နှင့် ပက်သက်ပြီး ပွဲဖြစ်မြောက်ရေး တာဝန်ခံ ကိုစိုးထွန်းက ယခုကဲ့သို့ ပြောသည်။ "ပြောရရင်တော့ဗျာ။ ကျွန်တော်တို့  ရခိုင်ပြည်ကနေ အကြောင်း အမျိုးမျိုးကြောင့် မလေးရှားကိုရောက်လာကြတယ်။ မလေးရှားကို ရောက်လာပေမယ့် ကိုယ့်ရပ် ကိုယ်ဒေသကို လူတိုင်းက လွမ်းနေကြပါတယ်။ ဒီလို သင်္ကြန်ဆို ပိုလွမ်းနေကြရပါတယ်။ ဒါပေမယ့်လည်း တစ်နေ့ တစ်နေ့  အလုပ်တွေနဲ့ ဘဲ လူတွေက ပိနေကြတော့ ဒီလို သင်္ကြန်အချိန်အခါမှာ စိက်အပန်း ဖြေနိုင် ဖို့ နဲ့ ကိုယ်ရိုးရာ ကိုယ်ယဉ်ကျေးမူတွေကို ထိန်းသိမ်းစောင့်ရှောက် ဖေါ်ထုတ်ဖို့ ရည်ရွယ်ပြီး မလေးမှာ ရခိုင် သင်္ကြန်ကို ခုလို ကျင်းပဖို့ စီစဉ်ရတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။ မလေးရှား ရခိုင်ရိုးရာ သင်္ကြန်ကို မြန်မာသက္ကရာဇ် ၁၃၇၄ တန်းခူးလဆုတ် (၇ ) ရက်သောကြာနေ့ ၊ ခရစ် သက္ကရာဇ် ဧပြီလ ၁၃ ရက်နေ့ တစ်နေ့တည်း ဆရမ်းဘန်း Port Dickson ကမ်းခြေတွင် နံနက် ၈နာရီမှ စတင်၍ ညနေ ၆နာရီ အထိ ကျင်းပ သွားမည် ဖြစ်သည်။
" နောက်ပြီး ဒီလို့  နိုင်ငံမျိုးမှာ ဒီလို တက်ညီ လက်ညီနဲ့ ခုလို ရခိုင်သင်္ကြန်ကို ကျင်းပနိုင်ရေး အတွက် အခွင့်ရေးရဖို့  ဆိုတာ သိပ် မလွယ်ဘူး။ အခုလို့ မလေးရှားမှာ တစ်ယောက်နဲ့ တစ်ယောက် အကြားမှာ ကွဲပြားမူ ဖြစ်နေချိန်မှာ လုပ်ရတာ ပိုမလွယ်ကူပါဘူး။ ဒါပေမယ့် အမျိုးသားရေး စိတ်ဓါတ်နဲ့ ကိုယ့် ရိုးရာ ကိုယ့်ယဉ်ကျေးမူကို ဖေါ်ထုတ်တဲ့ ပွဲမို့ အားလုံး ပူးပေါင်း ပါဝင်ပြီး ပျော်ရွှင်နိုင်ကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်" ဟု သူက ပြောသည်။ ကိုယ်ရိုးရာ ကိုယ့်ယဉ်ကျေးမူ အစဉ်အလာများ ကို ဖေါ်ထုတ်ခြင်းဖြင့် မိမိတို့၏ ယဉ်ကျေးမူ အစဉ်အလာများကို တန်ဘိုး ထားနားလည် လာပြီး မိမိတို့ ရခိုင်လူမျိုးတွေအကြား စုစု စည်းစည်း ဖြစ်လာနိုင်ပြီး အမျိုးသား သွေးစည်း ညီညွက်ရေးကိုလည်း တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ကိုစိုထွန်းက နိရဉ္စရာသို့ ပြောသည်။
ပထမအကြိမ် မလေးရှား နိုင်ငံ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွင် လာရောက်သူများ အားလုံး ပျော်ရွှင်နိုင်ရန် အတွက် ရခိုင်ရိုးရာ သင်္ကြန်အကများ၊ ရခိုင်ရိုးရာကျင်ပွဲ၊ ရိုးရာလွန်ဆွဲပွဲနှင့် ရခိုင်သီချင်းဆိုပြိုင်ပွဲများကို အားဖြည့်ကာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

စစ်တွေ- ရန်ကုန်ကားလမ်း တိုးချဲ့မှုကြောင့် ရှေ့ဟောင်း ရခိုင်မြို့ရိုးများ ပျက်စီးနေ
ရန်ကုန်-စစ်တွေ ကားလမ်းတိုးချဲ့ရာတွင် ရခိုင်ရှေ့ဟောင်း မြို့ရိုးများကို မြေတူးစက်ကြီးများဖြင့် တူးယူပြီး လမ်းကို ဆည် ဖို့နေသဖြင့် ရခိုင်ရှေ့ဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးနေရကြောင်း သိရှိရသည်။
ယခုကဲ့သို့ ရှေ့ဟောင်းမြို့ရိုးများ ဖျက်စီးခံနေရသည့် နေရာမှာ မြောက်ဦး စစ်တွေ လမ်းပိုင်းရှိ မြောက်ဦးမြို့ အရှေ့တောင်ဘက် ပေါင်းတုတ်ရပ် အနီးတွင် ဖြစ်သည်။ စစ်တွေ-ရန်ကုန် ကားလမ်း တိုးချဲ့ရာ၍ မြေများကို တူးယူနေခြင်း ဖြစ်ပြီး လုပ်ကိုင်နေသည့် ကုမ္ပဏီမှာ "သိန်းကျော်" ကုမ္ပဏီဖြစ်ကြောင်း သိရသည်။
" အခုဖြစ်နေတဲ့နေရာက လေသာတောင်ခံတပ်အနီးက မြေသား မြို့ရို့တံတိုင်းတွေပါ။ အဲဒီနေရာ ကို ရှေ့ ဟောင်းသုတေသန ဌာကနည်း ရှေ့ဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာထဲမှာ ပါတယ်။ အဲဒါကို မြေသားမြို့ရိုးတွေကို စက်ကြီးတွေနဲ့တူးပြီး လမ်းကိုဖို့နေတာပါ။ အခုက မြို့ရိုးတွေ ပျက်သွားပြီး ပရမ်းပတာ ဖြစ်နေပါတယ်။ တကယ်လို့ ဒီလမ်းဆုံးအောင်အထိ မြေတွေ တူးမယ်ဆို ရင် မြို့ရိုးတွေ ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားမှာရှိပါတယ်။"ဟု ရှေ့ဟောင်း ယဉ်ကျေးမှု သုတေသန ဌာနမှူး(ငြိမ်း)ဦးကျော်ထွန်းအောင်က ပြောသည်။ယခုပျက်စီးသွားသည့် မြို့ရို့တံတိုင်းများမှာ မြောက် ဦးခေတ် မြို့ရိုးတံတိုင်းများ ဖြစ်ကြောင်း သူက ဆက်ပြောသည်။ "အတွင်းပိုင်းက မြို့ရိုးတွေကို အုတ်တွေ၊ ကျောက်တွေနဲ့လုပ်ထားပြီး အပြင်ဘက် မြို့ရိုးတွေကို မြေသားတွေနဲ့ လုပ်ထားဖြစ် တယ်။ တောင်တလုံး နဲ့ တလုံးဆက်ပြီး မြေသားတွေနဲ့ လုပ်ထားတဲ့ မြို့ရိုးတွေပါ။ ဂျပန်နဲ့ အိန္ဒိယ ဘက်မှာတော့ မြေသားတံတိုင်းတွေ အများအပြားတွေ့ရတယ်။ ဒီလိုရှေ့ဟောင်း တံတိုင်းတွေ ဆုံးရှုံးသွား ရင် ကျွန်တော်တို့အတွက် ဆုံးရှုံးမှုပါဘဲ။"ဟု သူက ဆက်ပြောသည်။မြောက်ဦးမြို့ လက်ဆေးကန် အနီးရှိ လေသာတောင်ခံတပ်နှင့် မြတောင်ခံတပ်ရှိ မြို့ရိုး တံတိုင်းများကိုလည်း မြေတူးစက်များဖြင့် ဖြို တူးနေ သည်ဟု သိရသည်။ " ကျွန်တော်တို့က ဒီနေရာဟာ သမိုင်းဝင်နေရာတွေ ဖြစ်တဲ့အတွက် တစ်ခြားနေရာက မြေတွေကိုဘဲ တူးစေလိုပါတယ်။ အခုလို တူးနေတာကို သက်ဆိုင်ရာနဲ့ မီဒီယာတွေကို အသိပေးရန် အတွက် တူးဖေါ်နေတဲ့ ဓါတ်ပုံတွေကို ပို့ပေးလိုက်ပြီ ဖြစ်ပါတယ်" ဟု ဦးကျော်ထွန်းအောင် က ပြောသည်။ သိန်းကျော် ကုမ္ပဏီအား ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။
၂၀၁၀ ခုနှစ် နိုဝင်ဘာလကလည်း စစ်တွေ အမ်းရထားလမ်းဖောက်လုပ်ရာတွင် မြောက်ဦးမြို့ရှိ ရှေ့ဟောင်း အမွေအနှစ်များဖြစ်သည့် ပြည်စိုးကြီးဘုရား၊ မင်းလှခံတပ်၊ မင်းသမီးတံတိုင်း၊ ရဲလှကုန်း၊ သံဇင်တံဘုးရားများ အပါအ၀င် ရှေးဟောင်း သမိုင်းဝင် နေရာ အများအပြားဖြတ်သန်း ဖေါက်လုပ်ခဲ့သဖြင့် ပျက်စီး ဆုံးရှုံးမူများ ရှိခဲ့သည်။
၂၀၁၁ ခုနှစ် နိုဝင်္ဘာလ ၁၃ ရက်နေ့ မြစ်ကြီးနားမြို့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ တရားစွဲဆို ဖမ်းဆီးခံ ထားရသည့် ဦးတန်ဂွန်းနှင့် ဇနီးသည် အပါအဝင် ခြောက်ဦး အမှုအတွက် တရားလိုသက်သေ နှစ်ဦးအား စစ်ဆေးနေပြီ ဖြစ်ကြောင်း ဦးတန်ဂွန်းတို့၏ ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။
မိဘမဲ့ကလေးများကို စောင့်ရှောက်ထားသည့် နေအိမ်ပိုင်ရှင် ဦးဒယောင်တန်ဂွန်းနှင့်အတူ ဇနီး ဒေါ်ထုရော်၊ သားမက် ဦးသိန်းထက်အောင်၊ အိမ်မျက်နှာချင်းဆိုင်ရှိ တည်းခိုခန်းမှ မန်နေဂျာ ဦးဒေါင်လွမ်း၊ ကိုဘရန်ဂျာ၊ အလယ်ကုန်း ရပ်ကွက်မှ ဦးဖောင်ယမ် ဘောက်လာတို့ ခြောက်ဦးတို့အား လူသတ်မှု၊ နာကျင်စေမှု၊ အားပေး ကူညီမှုအပါအဝင်ပုဒ်မငါးခုဖြင့်တရားစွဲဆိုကာခရိုင်တရားရုံးတွင်သက်သေများကို စစ်ဆေးနေခြင်း ဖြစ်သည်။
“သေတာလည်းသူတို့မိသားစုပဲ။ တရားခံဖြစ်တာလည်းဒီမိသားစုပဲ။ဒီမိသားစုနဲ့ ပတ်သက်တဲ့ ဘေးပတ်ဝန်း ကျင်တွေဖမ်းခံရတယ်။ တချို့လူတွေအမြင်မှာတော့ ဒီလိုမိုင်းခွဲတဲ့ အလုပ်မကောင်းတဲ့အလုပ် လုပ်တယ် လို့ မြင်တယ်။ ကျမတော့ အဲဒီလို မမြင်ဘူး။ ဒါ လူသားချင်း စာနာထောက်ထားရမယ်” ဟု ဒေါ်ဒွဲဘူ က မဇ္ဈိမကို ပြောသည်။၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ဦးတန်ဂွန်း၏ နေအိမ်တွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၁ဝ ဦးသေဆုံးခဲ့ရာ ဦးတန်ဂွန်း၏သားနှစ် ဦးနှင့် မြေးတဦး၊ မိဘမဲ့ကလေး လေးယောက်နှင့် စစ်ပြေး ဒုက္ခသည် သုံးယောက်တို့ သေဆုံးခဲ့ရသည်။
၂ဝ၁၁ ခုနှစ် နိုဝင်္ဘာလ ၁၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဦးဒယောင်တန်ဂွန်း၏ သား ဦးဒယောင်ဆိုင်းခွမ် ဒဏ်ရာဖြင့် သေဆုံးနေသည့် အနေအထားအရ “၎င်းသည် မိုင်းကို ဖောက်ခွဲ မှု ပြုလုပ်ရေးအတွက် ပြင်ဆင်ပြသနေစဉ်ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု ယူဆရကြောင်း” သတင်းရေး သားဖော်ပြခဲ့သည်။ထိုနေ့သတင်းစာတွင် “KIA မှ အဖျက်အမှောင့်ပြုလုပ်မှု ဇယားချုပ်စာရင်း” အား အဆိုပါ ပေါက်ကွဲမှုသတင်းနှင့် ပူးတွဲဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
အမှုအား တရားလိုအဖြစ် မြစ်ကြီးနား အမှတ် ၁ အရဲစခန်းမှူး ဒုရဲအုပ် ဦးသိန်းဌေးနှင့် သီတာရပ်ကွက်မှ အုပ်ချုပ်ရေးမှူးတို့ကို ပြီးခဲ့သည့်သီတင်းပါတ်က ခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ပြီး အင်္ဂါနေ့ ရုံးချိန်းတွင် သက်သေခေါ်ယူစစ်ဆေးခြင်းမရှိဘဲရမန်သာယူခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ရှေ့နေ ဒေါ်ဒွဲဘူ က ပြောသည်။“သူတို့ ဘယ်လောက် သက်သေ အထောက် အထား ပြနိုင်မလဲ။ အခု ဖမ်းထားတဲ့ လူတွေက ဒီကိစ္စမှာ အဓိက တရားခံတွေ မဟုတ်ဘူးလို့ မြင်တဲ့အတွက် သူတို့ ဆုံးရှုံးမှု အများရှိသွားတဲ့အတွက် ကျမတို့က ကူညီတယ်” ဟု ပြော သည်။
အမှုကို မြစ်ကြီးနား ခရိုင်တရားသူကြီး ဒေါ်ခိုင်သဇင်ရွှေက စစ်ဆေးပေးနေပြီး ရုံးချိန်း နှစ်ကြိမ်ထက်မနည်း စစ်ဆေးခဲ့ပြီးဖြစ်သော်လည်း ကျန်သက်သေ ၃၀ ကျော် စစ်ဆေးရန် လိုအပ်နေသဖြင့် အဆိုပါ အမှုအား အမြန်ဆုံး စစ်ဆေးပေးရန် တရားသူကြီးထံ တင်ပြထားသည်ဟု ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။
“တရားလိုတွေလည်း သူတို့ကိုယ်တိုင် မြင်တာမဟုတ်ဘူး။ စစ်ကြောချက်အရ လုပ်တာ။ ဥပဒေနဲ့ ညီမညီ သက်သေ အပေါ်မှာပဲ မူတည်မှာပေါ့။ ကျမတို့ကတော့ ဒီအိမ်မှာ မိုင်းကွဲတာတော့ မှန်ပြီ၊ ဒါပေမယ့် ဖမ်းထားတဲ့လူတွေကသူတို့ပြုလုပ်မှုကြောင့်တော့မဟုတ်ဘူးဆိုတာကခံယူတယ်။ သေတဲ့လူလည်း သေသွား ပြီ”ဟု ပြောသည်။အခင်းဖြစ်ပွားပုံကိုဒေသခံများအပြောအရနေအိမ် အနောက်ဘက်လမ်းကြားမှ မော်တော် ဆိုင်ကယ်နှင့်လူနှစ်ဦးရောက်ရှိလာပြီး ခြံဝင်းထဲသို့ အထုပ်တထုပ် ပစ်ချခဲ့ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ယုံကြည်နေကြသည်။ဦးတန်ဂွန်း၏ဇနီးဖြစ်သူမှာအခင်းဖြစ်ပွားစဉ်အိမ်ပေါ်မှခုန်ချခဲ့ရသဖြင့် ခြေထောက်ကျိုး သွားကာ ယခုကျောက်ပတ်တီး စည်းထားရသဖြင့် ကျောပိုး၍ တရားခွင်သို့ လာရောက်ခဲ့သည်ဟု သိရ သည်။အစွပ်အစွဲခံ ၎င်းခြောက်ဦးအား မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ဆိုသည်။အခင်းဖြစ်ပွားသည့်နေ့က အိမ်ရှင် ဦးတန်ဂွန်းသည် စစ်ကိုင်းတိုင်း ကသာမြို့သို့ လွတ်လပ်သော ခရစ်ယာန် အသင်းတော်မှ သင်းအုပ်ဆရာများနှင့်အတူ သာသာပြု ခရီးထွက်လျက်ရှိရာမှ ထိုနေ့တွင်ပင် ကသာမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီး၍မြစ်ကြီးနား ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
၎င်းအား ဖမ်းဆီးပြီးနောက် စရဖမှ စစ်ဆေးမေးမြန်းစဉ်က ဦးခေါင်းတွင် ရိုက်နှက်မှုများ ရှိခဲ့ကြောင်း ဦးတန်ဂွန်းကရှေ့နေ ဒွဲဘူကို ပြောပြခဲ့သည်ဟု ဆိုသည်။မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်တွင် ဒိုင်လူကြီး တဦးဖြစ် သူ ဦးတန်ဂွန်းသည် လွန်ခဲ့သော ငါးနှစ်က ကချင်ရိုးရာ ယဉ်ကျေးမှု အဖွဲ့တွင် သိုင်းပညာနှင့် ဘင်ခရာ သင်တန်း နည်းပြဆရာ လုပ်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်မှစ၍ မိဘမဲ့ကလေးများကိုစောင့်ရှောက်၍ သီးသန့်နေထိုင်နေ သူ ဖြစ်သည်။

၂၀၁၁ နိုဝင်္ဘာ မြစ်ကြီးနား ဗုံးပေါက်ကွဲမှု သက်သေများကို စစ်ဆေးနေ

No comments:
Post a Comment