RCSS အဖွဲ့နှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့တို့သည် မတ်လ (၁၆) ရက်နှင့် (၁၇) ရက် နေ့များတွင် လွယ်တိုင်းလျှံ ဌာနချုပ်၌ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ကာလအတွင်း
ဆောင် ရွက်မည့် နိုင်ငံရေး ပေါ်လစီ (၆) ချက်ကို ထုတ်ပြန် ကြေငြာခဲ့ပြီး နမ့်ခမ်းမြို့တွင် ဖြန့်ဝေခဲ့ပါသည်။ ၄င်း ထုတ်ပြန်ချက် (၆) ချက်မှာ- (၁) ရှမ်းပြည်စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုစစ် တည်ဆောက်သွားမည်။
(၂) တိုင်းရင်းသား အားလုံး၊ တိုင်းနှင့်ပြည်နယ် အားလုံး တပြေးညီ အခွင့်အရေးများ ရရှိရမည်။
ပြည်ထောင်စုမှ ရှမ်းပြည်ခွဲ/တွဲရေး ကိစ္စကို ရှမ်းပြည်လူထုမှ ဆောင်ရွက်သွားမည်။
(၃) ရှမ်းပြည် လူထုကို ပါလီမန် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး သုံးတတ် လာအောင် စည်းရုံး
ထူထောင်သွားမည်။
(၄) ဦးသိန်းစိန် အစိုးရနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး ပပျောက်ရေး ဆောင်ရွက် သွားမည်။
(၅) ငြိမ်းချမ်းရေး လမ်းစဉ်ပေါ်တွင် ရပ်တည်လျက် နိုင်ငံရေးနည်းလမ်းဖြင့်ပန်းတိုင်ရောက်သည် အထိ နိုင်ငံရေးလုပ်ဆောင်သွားမည်။
(၆) ဖြစ်နိုင်လျှင် စစ်ရေးနည်းကို မသုံးပါ။ လူထုကို ကူညီစောင့်ရှောက်၍ လုံခြုံအောင်ကာကွယ်
သွားမည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
RCSS (ရှမ်းဘာသာဖြင့်)
No comments:
Post a Comment