တွေ့ဆုံရာမှာဒေါ်အေးအေးမာက တပ်ပိုင်မြေအတွင်း အုပ်လုပ်ငန်းလုပ်ကိုင်ဖို့အတွက် ၁၉၉၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် မတ်လအထိငှားရမ်းထားပြီး ငှားရမ်းသတ်တမ်းပြည့်တဲ့အခါ အုပ်လုပ်ငန်းပြောင်းရွှေ့သွားပေမဲ့ ဦးတင်ဝင်းအပါအ၀င် မိသားစု(၇)ဦးကဆက်လက်နေထိုင်ပါတယ်။
သက်ဆိုင်ရာ ရာအိမ်မှူးက ဖျက်သိမ်းခိုင်းပေမယ့် မဖျတ်ခဲ့ဘူး။
အဲဒီနောက်ပိုင်းမှာတော့ ကျူးကျော်အိမ်ထောင်စုများကဆက်လက်ပြီး အိမ်များဆောက်လုပ်နေထိုင်လာခဲ့တယ်လို့ပြော
ပါတယ်။
မေလ ၁ ရက်နေကစပြီး အင်းစိန်မြို့နယ်၊
ဒညင်းကုန်းရက်ကွက်၊ စက်မှု(၁)လမ်းမှာရှိတဲ့ အမှတ်(၉၆၀) အင်ဂျင်နီယာတပ်ခွဲပိုင်မြေမှ ကျူးကျော်မိသားစုတွေကို
ပြောင်းရွှေ့ထွက်ခွာစေခဲ့ပါတယ်။
ကျူးကျော်သူများကိုတော့
(၅)ရက်အတွင်းပြောင်းရွှေ့ပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အကြောင်း ကြား ခဲ့ပါတယ်။
ကျူကျော်သူများဟာ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်၊ သံအင်းကျေးရွာ၊ ၀ါးတရာလမ်းမဘေးမှာရှိတဲ့မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနပိုင်မြို့နယ်လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးမှ နေ့ကလေးထိန်းကျောင်းဖွင့်မယ့် အကျယ်(၄)ဧကရှိတဲ့မြေကွက်ကို
ပြောင်းရွှေနေပါတယ်။
၈၈မျိုးဆက်ေ ကျာင်းသားလူငယ် (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ ရွှေပြည်သာမြို့နယ်
တာဝန် ခံဒေါ်အေးအေးမာ ဦးဆောင်ပြီး ကျူးကျော်ဒုက္ခသည်များထံ ငွေငါးသောင်းဖြင့်
ရောင်းချပေးကာ နေ ထိုင်နိုင်ရေး အတွက် ဆောင်ရွက်နေတယ်လို့သိရပါတယ်။
အမှတ်(၉၆၀)ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲက မော်တော်ယာဉ်များနဲ့ သယ်ယူ ပို့ဆောင်ပေးပြီး အလုပ်သမား များ ငှားရမ်းပေးခဲ့တယ်လိုသိရပါတယ်။ ဒေါ်အေးအေးမာနှင့်အဖွဲ့ကတော့ ထမင်းထုတ်များကိုအလှူခံပြီး ကျူးကျော်သူများကို
ထမင်းထုတ်များဝေငှပေးခြင်းဖြင့်
ပါတီ စည်းရုံးရေး ဆောင်ရွက်နေတယ်လို သိရပါတယ်။ ထမင်းထုတ်များ ရရှိရေးအတွက် ဒေါ်အေးအေးမာနှင့်ဦး သန်းဆင့်တို့
ရွှေပြည်သာမြို့နယ်
အမှတ်(၁/၆/၁၁/၁၉/၂၀) ရပ်ကွက်တို့မှာအလှူခံခဲ့ပါတယ်။
မေ ၆ ရက်နေ့ ညနေပိုင်မှာ ပြည်မြန်မာဂျာနယ်မှ ဦးနေထက်ဝေ၊ ပေါ်ပြူလာဂျာနယ်မှ ဦးစိုင်းနောင်၊ ဦးစိုင်းလှမင်း၊ ရန်ကုန်တိုင်းဂျာနယ်မှ ဦးအောင်အောင်၊ The Voice ဂျာနယ်မှ ဦးစိုးကျော်ဝင်းတို့နှင့် ဂျာနယ်သတင်းထောက်များက ကျူကျော်နေထိုင်သူများကို စုံစမ်းမေးမြန်းဖို့သွားရောက်ရာ ဒေါ်အေးအေးမာနှင့် သန့်ဇော်ဝင်းတို့က လာရောက်စုံစမ်းတဲ့ ဂျာနယ်သတင်းထောက်များကို ဘယ်အဖွဲ့အစည်း၊ ဘယ်ဂျာနယ်ကမှ လာတာမကြိုက်ဘူးလို့
ပြောဆိုပြီး သတင်းထောက်များရဲ့မေးမြန်းချက်များကို ဘယ်လိုမှ ပြန်လည်းဖြေကြားခြင်းမရှိလို သတင်းထောက်မျာြး ပန်လာခဲ့ရတယ်လို့ သိရပါတယ်။
NLDပါတီအပါအ၀င် အခြားပါတီများမှ ၀ိုင်းဝန်းကူညီမှုများ ပြုလုပ်ပေးတာကို ဒေါ်အေးအေးမာက လက်မခံဘဲ အတိုက်အခံဖြစ်စေမယ့်စကားများကိုသာပြောဆိုနေပါတယ်။
အခြားသောနိုင်ငံရေး
ပါတီများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းလဲမရှိ/သတင်းမီးဒီယာများကိုလည်း ကောင်းမွန်စွာ ဖြေကြားခြင်းမရှိဘဲ အားလုံးနဲ့ဆန့်ကျင်ပြီးလုပ်နေတယ်လို့သိရပါတယ်။
ကျူးကျော်သူများရဲ့
စားသောက်ရေးအဆင်ပြေစေဖို့
ထမင်းထုတ်များ အလှူခံကာဝေငှပေးပြီး မိမိတို့ ၈၈မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင် စုမြန်မာနိုင်ငံ)ပါတီကို ၀င်ရောက်ပါက နေထိုင်ရန်မြေကွက်ပေးမယ်၊ အိမ်များဆောက်လုပ်ပေးမယ် လို့စည်းရုံးနေပါတယ်။
ပါတီဝင်ခွင့်လျှောက်လွှာတစ်စောင်ကို ငွေ၂၀၀၀ကျပ် နှုန်းဖြင့် ရောင်းချကာ ပါတီနာမည် ရရှိရေးနှင့် ထောက်ခံမှုရရှိရေးအတွက် နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးစားလုပ်ဆောင်နေတယ်လို့ သိရှိ ရပါတယ်။ ကျူးကျော်သူများအခုလိုဒုက္ခရောက်နေတာဟာလည်း ဒေါ်အေးအေးမာရဲ့ လုပ်ဆောင်ချက်တွေ သာ
ဖြစ်တယ်ဆိုတာ
သက်ဆိုင်ရာနဲ့ပြည်သူတွေ သိရှိဖို့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့ အစည်းတွေနဲ့ ကျူကျော်သူများကို စုံစမ်းမေးမြန်းပြီး ဒေါ်အေးအေးမာရဲ့ နည်းလမ်းမကျဆောင် ရွက်နေမှုကြောင့် ပြည်သူများဒုက္ခရောက်နေမှုကို မီဒီယာများက တစ်ဆင့် ဆက်သွယ်ထုတ်လွှင့် သွားမယ်လို့ မြို့နယ်NLDပါတီဥက္ကဌ ဒေါက်တာစိန်ဝင်းမှ စီစဉ်ဆောင်ရွက်နေတယ်လို
သိရပါတယ်။
1 comment:
ဘာတဲ့ ၈၈.. ဘာတဲ့ ပြည်ထောင်စုပါတီ..
ဘာတွေတွေးလို့ ဘာတွေလုပ်..
ဘယ်သူတွေ အတွက်လုပ်..
သြော်..ဘာမှလည်း မဟုတ်ပါလား
Post a Comment