၂၀၁၂ခုနှစ်၊
မေလ(၈) ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြားသတင်းထောက်များ
အသင်းမှာ ရွှေ့ပြောင်းကရင် အလုပ်သမား သမဂ္ဂ (Mingrant Karen Labour Union) အဖွဲ့ဟာ ထိုင်းနိုင်ငံ
မှာ ရှိတဲ့ နိုင်ငံခြားသတင်းထောက်တွေကို ဖိတ်ကြားပြီး သတင်းစာရှင်းလင်း ပွဲတစ်ရပ်ကို
ပြုလုပ်ခဲ့ပါတယ်။ အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ကရင်အလုပ်သမားသမဂ္ဂဟာ မြန်မာနိုင်ငံ
အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (Federation of Trade Unions Burma – FTUB) အဖွဲ့ကနေပြီး
တရားဝင်နှုတ်ထွက်ကြောင်းကို ကြေငြာ ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ
ရွှေ့ပြောင်းကရင် အလုပ်သမားသမဂ္ဂအဖွဲ့ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် နော်ခိုင်မာလာနဲ့ ကျော်ဇောတို့က
ထိုင်းနိုင်ငံသတင်းထောက်တွေကို ပထမ ရှင်းလင်းပြောကြားတာကတော့ ရွှေ့ပြောင်းကရင်အလုပ်သမားသမဂ္ဂရဲ့
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်နေ့က ထိုင်းနိုင်ငံ ရပ်ခ်ျဘူရီခရိုင်မှာ နှစ်ပတ်လည်ဆွေးနွေးပွဲကို
ပြုလုပ်ခဲ့ကြောင်း နဲ့ အဲဒီဆွေးနွေးပွဲကို သမဂ္ဂရဲ့ အမှုဆောင် တွေနဲ့ အဖွဲ့ဝင် (၅၀)လောက်
တက်ရောက်ခဲ့ပြီးတော့ ပြည် ပရောက်သမဂ္ဂ ခေါင်းဆောင်တွေ အနေနဲ့ အွန်လိုင်းက တစ်ဆင့် ဆွေးနွေး ခဲ့ကြကြောင်း
ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်နဲ့ ပူးပေါင်းခဲ့ပြီး
၂၀၀၆ ခုနှစ်လောက်အထိ သမဂ္ဂခေါင်းဆောင် (၂)ဦးကနေပြီး (၃) ဦးအထိ ပြောင်းလဲဆောင်ရွက်ခဲ့ကြကြောင်းနဲ့
၂၀၀၇ ခုနှစ်မှာတော့ အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ကြ ရပြီး ၂၀၁၀ ခုနှစ်လောက်အထိ ပူးပေါင်းဆောင်ရွက်ခဲ့ကြရာမှာ
၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ(၂၉) ရက်နေ့ မှာပြုလုပ်တဲ့ နှစ်ပတ်လည်အစည်းအဝေးဆုံးဖြတ်ချက်နဲ့
၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ကနေပြီး
တရားဝင်နှုတ်ထွက်ခဲ့ပြီး ရွှေ့ပြောင်းကရင် အလုပ်သမား သမဂ္ဂ အနေနဲ့ သီးသန့်လွတ်လပ်တဲ့ သမဂ္ဂအဖြစ်ရပ်တည်သွားမှာဖြစ်ကြောင်း၊
ဒီလိုနှုတ်ထွက်ရခြင်းဟာ ၄င်းတို့ သမဂ္ဂအမည်နဲ့ FTUB ကတစ်ဆင့် အမေရိကန်အလုပ်သမားအဖွဲ့ရဲ့
လစဉ်ထောက်ပံ့ငွေတွေကို နောက်ဆုံး စာရင်းရှင်းခဲ့တဲ့ ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလကနေပြီး မတ်လအထိ
ရရှိခဲ့တဲ့ ထောက်ပံ့ကြေးငွေ စာရင်းကိုလည်း FTUB နဲ့ ရှင်းလင်းပြီးပြီဖြစ်ကြောင်း၊ ၄င်းတို့သမဂ္ဂအနေနဲ့
အမေရိကန် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်နဲ့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့
အခြားသမဂ္ဂတွေနဲ့ လည်း ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ် ဆိုတဲ့အကြောင်း ကို အဲဒီ သတင်းစာရှင်းလင်းပွဲမှာ
ထုတ်ပြန် ကြေငြာ ခဲ့တယ်လို့ သိရှိရပါတယ်။
No comments:
Post a Comment