Tuesday, May 29, 2012
ပုဇွန်တောင်မြို.နယ်အတွင်းရှိ လောင်းကစားလုပ်ငန်းများ
ရန်ကုန်မြို့ ပုဇွန်တောင်မြို.နယ်အတွင်းရှိ အောက်ပါနေရာများတွင် အခန်းများ
ငှားရမ်းကာ လောင်းကစားလုပ်ငန်းများကို ပေါ်ပေါ်ထင်ထင်နီးပါး ဖွင့်လှစ်လုပ်
ကိုင်နေကြောင်းသိရပါတယ်။
ရပ်ကွက်အတွင်းရှိ လူငယ်များ၊ ကျောင်းသားအရွယ်များ၊ ၀န်ထမ်းများ စသည်ဖြင့်
လူမျိုးစုံ ၀င်ရာက်ကစားလျက်ရှိကြပါတယ်။
ကစားနည်းများမှာ ဂျက်ပေါက်၊ ငါးမန်း ဖဲချပ် စသည်ဖြင့် အမျိုးမျိုး ကစားကြပါတယ်။
အလျော်အစားမှာ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ရှိပါတယ်။
ယခုကဲ့သို.တိုင်းပြည်ကို ၀ိုင်းဝန်းတည်ဆောက်ရမည့်အချိန်၊ တရားဥပဒေစိုးမိုးရေးကို
ပြုလုပ်ရမည်.အချိန်တွင် တာဝန်ရှိသော ပြည်သူ.ရဲ နှင့် ရပ်ကွက်အုပ်ချုပ်ရေးဖက်မှ
ပုဂ္ဂိုလ်များမှလောင်းကစားဝိုင်းများကို မသိကျိုးကျွန်ပြုနေတဲ့ ကိစ္စ အထက်အာဏာပိုင်များ
သိရှိစေလိုကြောင်း ပုဇွန်တောင်မြို့ ခံတဦးက Myanmar News Now ကိုပြောပါတယ်။
အောက်တွင်ဖော်ပြထားသော လောင်းကစားခန်းများကို သွားရောက် လေ့လာကြည့်နိုင်ပါ
တယ်လို့ ဆိုပါတယ်။
1. အမှတ် ၁၂၃၊ အနော်ရထာလမ်း၊ မြေညီထပ် (၄၉ လမ်းနှင်. ဗိုလ်မြတ်ထွန်းလမ်းကြား)
2. အမှတ် ၂၁၊ေ၇ကျော်လမ်း၊ မြေညီထပ် (ရေကျော်ဈေးရှေ.)
3. အမှတ် ၅၃၊ အခန်း ၀၀၁ ၊ ရေကျော်လမ်း၊ မြေညီထပ် (ရေကျော်လမ်းနှင့် မဟာဘောဂလမ်းထောင့်)
4. အမှတ် ၈၆၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ မြေညီထပ် (ရေကျော်လမ်းမကြီးနှင့် တီပုံလမ်းဆုံနေရာ)
5. အမှတ် ၁၄၆၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ မြေညီထပ် (KBZ ဘဏ်ရှေ့ ၊ ရတနာမြိုင်တိုက်)
6. အမှတ် ၅၁၃၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ မြေညီထပ် (ရွှေသမင်စတိုးဆိုင်ဘေး)
7. ပုဇွန်တောင်ပန်းခြံရှေ့၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ မြေညီထပ် (Shine ရေပိုက်ဆိုင်ခန်း ဘေး)
အခြားကျန်ခဲ့သော နေရာများလည်းရှိနိုင်ပါသည်။
http://www.thithtoolwin.com/2012/05/blog-post_3203.html မှကူးယူဖော်ပြသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment