**Public Health** လူ့ဘ၀၏စဦးအရွယ်ကလေးငယ်ဘ၀တွင်
ရုပ်မြင်သံကြားကို အချိန်ကြာမြင့်စွာ ပိုမိုကြည့်ရှုခြင်း သည်
အဆိုပါကလေးငယ်၏ခန္ဓာကိုယ်ခါးပိုင်းကို ပို၍ဆူဖြိုးစေပြီး
ကြွက်သားများကြံ့ခိုင်မှုကို ယုတ်လျော့စေနိုင်ကြောင်း လေ့လာတွေ့ရှိရှိသည်ဟု
ဆေးပညာဆိုင်ရာသတင်းတစ်ရပ်၌ ဖော်ပြ ထားသည်။
ကနေဒါနိုင်ငံတွင်ပြုလုပ်ခဲ့သောအဆိုပါလေ့လာမှုအရ ရုပ်မြင်သံကြား
အပတ်စဉ်ကြည့်ရှုချိန်ပို၍များလာခြင်းအားဖြင့် ရုပ်မြင်သံကြားကြည့်သူကလေး၏
ခါးပတ်လည်အတိုင်းအတာမှာလည်း မီလီမီတာတစ်ဝက်ခန့်ပို၍တိုးလာစေကာ
ကြွက်သားများသန်မာမှု လျော့ကျသွားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ အဆိုပါလေ့လာ
မှုကို ဆေးပညာဆိုင်ရာဂျာနယ်တစ်ခုက ရုပ်သံဝါသနာထုံသူကလေး ၁၃၁၄ ဦးတို့ကို
စောင့်ကြည့်လေ့လာသုတေသနပြုခဲ့ခြင်းဖြစ်သည်။ ကျွမ်းကျင်ပညာရှင်များက
ကလေးတစ်ဦးသည် ရုပ်သံကြည့်ချိန် တစ်နေ့လျှင် နှစ်နာရီထက်မပိုသင့်ကြောင်း
ပြောကြားသည်။

ကနေဒါနိုင်ငံမွန်ထရီယယ်တက္ကသိုလ်မှ
သုတေသီအဖွဲ့ခေါင်းဆောင် ကာရိုလင်းဖစ်ဇ်ပါထရစ်နှင့်အဖွဲ့က
ကွီဗက်ပြည်နယ်တစ်လွှားရှိ အသက်နှစ်နှစ်မှ လေးနှစ်အတွင်းကလေးငယ်များ၏
မိဘများနှင့်တွေ့ဆုံကာ၎င်းတို့၏ကလေးများ တစ်နေ့လျှင် ရုပ်သံရှေ့၌
မည်မျှကြာကြာအချိန်ဖြုန်းလေ့ရှိကြောင်း မေးမြန်းခဲ့ကြရာ
ပျမ်းမျှခြင်းအားဖြင့် အသက်နှစ်နှစ်အရွယ်ကလေးများသည် ရက်သတ္တတစ်ပတ်လျှင်
စုစုပေါင်း ကိုးနာရီခန့် ကြည့်ရှုခဲ့ကြပြီး
¤င်းတို့လေးနှစ်အရွယ်ရောက်သည့်အခါတွင် တစ်ပတ်လျှင်
ရုပ်သံကြည့်ချိန်စုစုပေါင်း ၁၅ နာရီအထိ မြင့်တက်လာသည်ဟုဆိုသည်။
ခါး၏အတိုင်းအတာ ပမာဏသည် ရုပ်လက္ခဏာသွင်ပြင်အပေါ်သာမက နှလုံးကျန်းမာရေး၊
ကျောရိုးနာကျင်မှုနှင့် အခြားရုပ်ပိုင်းဆိုင်ရာ မကျန်းမာမှုများအပေါ်
ကလေးဘဝတွင်သာမက အရွယ်ရောက်ပြီးသူ များတွင်ပါ သက်ရောက်မှုရှိသည်ဟု သတင်း၌
ဖော်ပြထားသည်။ (အင်တာနက်)
ဘာသာပြန် -
ဇင်ထူး
No comments:
Post a Comment