Monday, July 23, 2012

ချင်းဝိသေသတိုင်း ဥပဒေ ပြင်ဆင်ရန် ဆွေးနွေး

၁၉၄၇ ခုနှစ် ချင်းဝိသေသတိုင်း အက်ဥပဒေ ပြင်ဆင် ဖြည့်စွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၁၈ ရက်နေ့က ပြုလုပ်ကြောင်း သိရသည်။ ချင်းပြည်နယ် ဟားခါးမြို့ ပြည်ထောင်စုရိပ်သာ ၌ ကျင်းပသော ယင်းဆွေးနွေးပွဲတွင် အခြားသော ဥပဒေ ဆိုင်ရာများ ကိုလည်း ဆွေးနွေးကြောင်း၊ ဥပဒေများကို ခေတ်ကာလနှင့် ကျင့်သုံးနိုင်ရေးအတွက် ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ် လွှတ် တော် ဥက္ကဌ ဦးဟောက်ခင်ခမ်း နှင့် မြို့နယ်အလိုက် ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးကြကြောင်း အစိုးရ မြန်မာ့ အလင်း သတင်းစာ က ဖော်ပြသည်။

No comments: