
တနင်္လာ နေ့  မနက် နောက်ဆုံး ရရှိတဲ့ သတင်း တွေ အရ မြန်မာ သမ္မတ ဦးသိန်းစိန် ဟာ
ထိုင်းဝန်ကြီးချုပ် ယင် လပ် ရှင်နာ ၀တ်ထရာ နဲ့  တွေ့  ဆုံ ပြီး အမေရိကန် ဒေါ်လာ ၈.၆
ဘီလျှံ ကုန် ကျ မယ့် ထားဝယ် ရေနက် ဆိပ် ကမ်း နဲ့  စက်မှု ဇုန် တည်ဆောက်ရေး
အပြင် နှစ် နိုင်ငံ ကုန်သွယ်ရေး နဲ့  ရင်းနှီး မြုပ် နှံ ရေး ကိစ္စ တွေ ဆွေးနွေး ခဲ့ တယ် လို့ 
ဘန်ကောက် ပို့  စ် သတင်း မှာ ဖော်ပြ ထား ပါတယ် ။
အိမ်နီးချင်း ထိုင်း နိုင်ငံ ကို သုံး ရက်တာ ချစ်ကြည်ရေး ခရီးစဉ် သွား ရောက် တဲ့ အတွင်းမှာ
မြန်မာ သမ္မတ ဦးသိန်းစိန် ဟာ သူ့  ရဲ့  လုပ် ပိုင် ခွင့် အာဏာ တွေ ကို အသုံး ချ ပြီး ၊ မြန်မာ
ရွှေ့ ပြောင်း အလုပ်သမား ကိစ္စ ၊ ထားဝယ် ရေနက် ဆိပ် ကမ်း ကိစ္စ ၊ တနင်္သာ ရီ တိုင်း မှာ
ဖမ်းဆီးထား တဲ့ ထိုင်း နိုင်ငံ သား တွေ ကိစ္စ နဲ့  နှစ် နိုင်ငံ စီးပွား ရေး နဲ့  ကုန်သွယ်ရေး ကိစ္စ
တွေ ကို လုပ် ဆောင် သွား မှာ ဖြစ်တယ်လို့  သမ္မတ နဲ့ နီးစပ် တဲ့ စီးပွား ရေး လုပ်ငန်း ရှင်
ကြီး တစ်ဦး က FNG ကို ပြောပါတယ်။
ဦးသိန်းစိန် ဟာ ဒီနေ့ မှာ ထိုင်းဝန်ကြီးချုပ် ဘန်ကောက် မြို့ လယ် က မြဘုရား ကို ဘူးမျှော်
ပြီး နောက် ထိုင်းဝန်ကြီး ချုပ် ယင်လပ် ရှင်နာ ၀တ်ထရာ နဲ့  တွေ့ ဆုံ မှာ ဖြစ်ပါတယ်။
ဦးသိန်းစိန် ရဲ့  ခရီးစဉ် အတွင်း မှာ ထိုင်းနိုင်ငံ တွင်း မှာ ရှိ နေ တဲ့ မြန်မာ အလုပ်သမား တွေ
ရဲ့  စား ၀တ် နေရေး နဲ့  တရားဝင် လုပ်ခ လစာ ရရှိ ရေး တွေ ကို ဆွေးနွေး နိုင်လိမ့် မယ်
လို့  ဆို ပါတယ်။
နှစ် ကြိမ် ရွှေ့ ဆိုင်း လိုက် ရ တဲ့ သမ္မတ ရဲ့  ထိုင်း နိုင်ငံ ခရီးစဉ် မနေ့  က ပြန် လည် စတင် ချိန်
မှာ ရန်ကုန် – မန္တလေး နဲ့  နယ် မြို့  တွေ က အလုပ်သမား အရေး ဆောင်ရွက် နေတဲ့ ကိုယ်
စားလှယ် တွေ လဲ ပါဝင် ပါ တယ်။
မြန်မာ နိုင်ငံ နယ်နမိတ် ထဲ ကို ၀င်ရောက် ပြီး ရာဘာ စိုက် ပျိုး လုပ် ကိုင် နေတဲ့ ထိုင်း နိုင်ငံ
သား ၉၂ ဦး ကို ဖမ်းဆီးထား တာ နဲ့  ပတ်သက် ပြီး လည်း ဆွေးနွေး မှာ ဖြစ်တယ် လို့  ဘန်
ကောက် ပို့  စ် သတင်း စာ မှာ ဖော်ပြ ထား ပါတယ်။
ထိုင်း နိုင်ငံ ဘန်ကောက် မြို့  က ဒွန်မောင်း လေဆိပ် ကို မနေ့  က မနက် နံနံ ၁၁ နာရီ
မှာ ရောက် ရှိလာ တဲ့ သမ္မတ ဦးသိန်းစိန် ကို ထိုင်း ဒုဝန်ကြီးချုပ် နဲ့  အဖွဲ့  က ကြို ဆို ခဲ့
ပြီး ချွန် ဘူရီ ခရိုင် လမ် ချန်ဘန် ဆိပ်ကမ်း နဲ့  စက်မှု ဇုန် ကို သွား ရောက် ကြည့် ရှု ခဲ့ ပါတယ်။
ဇူလိုင်လ ၂၂ ရက်နေ့ က နေ ဇူလိုင် လ ၂၄ ရက် ထိ သုံး ရက် ကြာမြင့် မယ့် ထိုင်း ခရီး စဉ်မှာ
မြန်မာ သမ္မတ ဦးသိန်းစိန် ဟာ ထိုင်း ဘုရင့် သမီးတော် မဟာ ချက် ကရီ သီရိဒုံ နဲ့  လည်း
တွေ့ ဆုံ မှာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် ရဲ့  ထိုင်း နိုင်ငံ ခရီးစဉ် မှာ သူ့  ရဲ့  လုပ် ပိုင် ခွင့် တွေ ကို အသုံးချ ပြီး နှစ်
နိုင်ငံ ပူးပေါင်းဆောင် ရွက် ရေး နဲ့  စီးပွား ရေး ကိစ္စ တွေ ကို လုပ်ဆောင် သွား ဖို့  ရှိတယ်
လို့  သမ္မတ ရုံးနဲ့ နီးစပ် သူ တွေ က ပြောပါတယ်။

ဦးသိန်းစိန် နဲ့  ထိုင်းဝန်ကြီးချုပ် ယင်လပ် ဂုဏ်ပြု တပ် ဖွဲ့  ၏ အလေး ပြု ခြင်း ကို ခံယူစဉ်
Photo : Yingluck Facebook
Photo : Yingluck Facebook

ဦးသိန်းစိန် နဲ့  ထိုင်းဝန်ကြီးချုပ် ယင်လပ် ဂုဏ်ပြု တပ် ဖွဲ့  ၏ အလေး ပြု ခြင်း ကို ခံယူစဉ်
Photo : Yingluck Facebook
Photo : Yingluck Facebook
- ဦးသိန်းစိန် နဲ့  ထိုင်းဝန်ကြီးချုပ် ယင်လပ် ဂုဏ်ပြု တပ် ဖွဲ့  ၏
- အလေး ပြု ခြင်း ကို ခံယူစဉ် Photo : Yingluck Facebook
- ဦးသိန်းစိန် နဲ့  ထိုင်းဝန်ကြီးချုပ် ယင်လပ် ဂုဏ်ပြု တပ် ဖွဲ့  ၏ အလေး ပြု ခြင်း ကို ခံယူစဉ် Photo : Yingluck Facebook











No comments:
Post a Comment