တောင့်တနေခြင်းလည်း ဖြစ်သည်။ Microsoft ၏ Window အသင်းခေါင်းဆောင် ဖြစ်သူ Steven Sinofsky ၏ အပြောအရ ယခု စနစ်သစ်ကို လာမည့် အောက်တိုဘာလ ၂၆ ရက်တွင် စတင် ဖြန့်ချိမည် ဖြစ်ကြောင်း ပြောခဲ့သည်။
ယခုလို ကြေညာချက်ကို Steven Sinofsky မှ ဗုဒ္ဓဟူး နေ့က Microsoft ၏ Microsoft Global Exchange (MGX) ခေါ် နှစ်စဉ် အရောင်းမြှင့်တင်မှု တွေ့ဆုံပွဲ အတွင်း ပြော ကြားခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ တာဝန်ရှိသူမှ ပြောရာ၌ Windows 8 ကို ဘာသာစကား ၁၀၉ မျိုးဖြင့် ကမ္ဘာအနှံ့ရှိ ဈေးကွက် ၂၃၁ ခုတွင် ရရှိနိုင်မည် ဖြစ်ကြောင်း လည်း ပြောခဲ့သည်။ ယခု စနစ်ကို လက်ကိုင်ဖုန်းများနှင့် အခြားသော ပစ္စည်းများတွင်လည်း သုံးစွဲနိုင်ရန် ထုတ်လုပ်ထားခြင်း ဖြစ်သည်။
Myanmar Express

No comments:
Post a Comment