မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အစိတ်အပိုင်းအဖြစ်
မကြာသေးမီက စာပေစိစစ်ခြင်း လုပ်ငန်းများ ဖျက်သိမ်းလိုက်ခြင်းနှင့်ပတ်သက်ပြီး
တရုတ်အစိုးရအာဘော် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက တရုတ်တို့ အနေဖြင့် ယင်းကို
စံနမူနာမတင်သင့်ဘဲ ကိုယ့်မူကိုယ့်ဟန်နှင့်သာ စာပေလွတ်လပ်ခွင့်ကို ရယူသင့်ကြောင်း
ဝေဖန်ရေးသားလိုက်သည်။
“ တရုတ်နိုင်ငံ၏သတင်းစာလွတ်လပ်ခွင့်သည်
သင့်တင့်မျှတသော
ခရီးရှည်ကြီးကို လျှောက်လှမ်းခဲ့ပြီဖြစ်သည်။ အနာဂတ်တွင်
ပို၍ခရီးဆက်လှမ်းကြရဦးမည်။တရုတ်တို့အနေဖြင့် စိတ်ရှုပ်ထွေးခံပြီး
မြန်မာနှင့်ဗီယက်နမ် စသည့် နောက်ပေါက်ရွှေကြာနိုင်ငံများအား စံနမူနာယူနေခြင်းထက် အချိန်ကာလ
လမ်းကြောင်း အတိုင်းသာလိုက်ပါသင့်ပြီး နိုင်ငံ၏လက်တွေ့အခြေအနေကိုသာ ကြည့်သင့်သည်”
ဟုတရုတ်သတင်းစာဂလိုဗယ်တိုင်း၏ အွန်လိုင်းစာမျက်နှာ အယ်ဒီတာ့အာဘော် တွင်
ရေးသားထားသည်။ ”မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများ သည်
အောင်မြင်မှုသက်သေပြလိမ့်မည်ဟု ကျွန်ုပ်တို့ရိုးသားစွာယုံ
ကြည်ပါသည်။သို့သော်ထိုအဖူးအညွန့်ကလေးက တရုတ်နိုင်ငံ၏
စည်ပင်နေသော ပြုပြင်ပြောင်းလဲမှုအပင်နှင့် အမြင်ခြားနားနေရုံမျှနှင့်
ကိုယ်လျှောက်နေသော ကိုယ့်လမ်းကို ကျွန်ုပ်တို့သံသယ၀င်ပါက နုံလွန်း
အလွန်းရာကျပေမည်” ဟု အယ်ဒီတာက ဆက်လက်ရေးသားသည်။ အဆိုပါသတင်းစာအာဘော်တွင်
တရုတ်နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများသည် စမ်းသပ်မှုများစွာဖြင့်
အောင်မြင်စွာအစမ်းသပ်ခံပြီးဖြစ်ကြောင်း၊မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု များမှာ
အဖူးအညှောင့်ထွက်ပြူခါစသာ ဖြစ်ပြီး လေနှင့်ရေကိုပင်မထိတွေ့ ရသေးကြောင်း ဝေဖန်ရေး
သားထား သည်။
“မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများသည်
စမ်းသပ်အဆင့်သာဖြစ်သည်။တကယ်တမ်းဆိုရလျှင် ရဲတင်းမှုသည် မြန်မာ့ပြုပြင်ပြောင်းလဲရေး၏
ထင်ရှား အပေါ်လွင်ဆုံးလက္ခဏာတစ်ရပ်ဖြစ်သည်။`“ ဟု ဂလိုဘယ်လ်တိုင်းမ်က ဆက်လက်ရေးသားသည်။
တပ်မတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုတင်းကြပ်စွာလုပ်ခဲ့ကြသည့်
အမေရိကန်နိုင်ငံနှင့်ဗြိတိန်နိုင်ငံတို့က မြန်မာနိုင်ငံတွင်
စာပေစိစစ်မှုရုပ်သိမ်းလိုက်ခြင်းအပေါ် ကြိုဆိုခဲ့ကြပြီး နောက် မြန်မာနိုင်ငံအပေါ်
စီးပွားရေးအကူ များ စွာပေးခဲ့သည့် တရုတ်နိုင်ငံအစိုးရ သတင်းစာကြီးက ယခုလို
ဝေဖန်ရေးသားလိုက်ခြင်းဖြစ်သည်။
No comments:
Post a Comment