ယနေ့ကျင်းပသောပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအား စွပ်စွဲ ပြစ်တင်ခြင်း
ကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းအတည်ပြုပြောကြားသွားခဲ့သည်။ ထို့ပြင် ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးမှုကော်မတီ
အတွင်းရေးမှုး ဦးအေးမောက်ကလည်း “ရိုးရိုးလေးစဉ်းစားရင်ကိုရပါတယ် ဗိုလ်ကြီးအဆင့်ရှိတဲ့ လူက ဗိုလ်မှူးကြီးအဆင့်ကို သွားပြောမယ်
ကျွန်တော်ကတာဝန်အရ check and balance လုပ်ပါမယ် ဆိုရင် အဲဒီ ဗိုလ်မှူးကြီးလက်ခံမယ်ထင်လား
အခုလည်းဒီလိုပဲ ကျွန်တော်တို့ကော်မရှင်အနေန
ဲ့ပဲ ၀န်ကြီးဌာနတွေကို check and balance လုပ်မှာ rankတူမှ လုပ်လို့ရမှာပေါ့
အခုအခြေအနေက ထောက်ပြတဲ့အခြေအနေပဲရှိသေးတ
ယ် check and balance မလုပ်ရသေးဘူး ဒီပြဿနာတွေပေါ်လာတာ ပြည်ထောင်စုအဆင့်ဖြစ်လို့
ကျွန်တော်တို့ရဲ ရပိုင်ခွင့်တွေမတိုးသွားပါဘ
ူး" ဟု ပြောကြားခဲ့သည်။
"ကျွန်တော်တို့ကတော့ ဆက်လုပ်မှာပါပဲ
ကျွန်တော်တို့ပြောနေတာတွေသည် မရှိတာကို အရှိလုပ်ပြီးပြောတာ ရပိုင်ခွင့်တွေလိုချင်လို့ပြောနေတာမပါပါဘူး ပါရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လက်မှတ်ထိုးပါ့မလား" ဟု ၄င်းကထပ်လောင်းပြောကြားခဲ့သည်။
No comments:
Post a Comment