Monday, August 20, 2012

လူထုကျန်းမာရေး (အစိမ်းရောင်ဟင်းသီးဟင်းရွက်များစားသုံးခြင်းသည်ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်)

 ** Public Health ** 
အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များသည် ရောဂါများကို မည်သို့တိုက်ဖျက်ကြောင်း သုတေသနပညာ ရှင်များက ရှာဖွေဖော်ထုတ်ခဲ့ကြကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။ ကင်ဆာရောဂါကို တိုက်ဖျက်နို င်သော အာဟာရဓာတ်များပါ ဝင်သည့် ပန်းဂေါ်ဖီစိမ်း၊ ကွမ်းသီးဂေါ်ဖီထုပ် (ဟင်းရွက်ထုပ်)နှင့် ဂေါ်ဖီထုပ်ကဲ့ သို့သော ဟင်းသီးဟင်းရွက် များဖြစ်ကြောင်းများ စွာသော လေ့လာ မှုများက ဖော်ပြခဲ့ကြသည်။ အစိမ်းရောင် ပန်းဂေါ်ဖီထုပ်တွင် အဓိကပါဝင်သည့် ဆယ်လ်ဖိုရာဖိန်း (Sulfforaphane) သည် ဒီအင်န်အေ မီသိုင်လေးရှင်ြး ဖစ်စဉ်ဖြင့် ရင်သားကင်ဆာဆဲလ်များ အလျင်အမြန်ကြီး ထွား၊ ပြန့်ပွား လာ ခြင်းကို ထိန်းချုပ်ဟန့်တားနိုင်ေ ကြာင်း သုတေသီများက တွေ့ရှိခဲ့ကြသည်။ ယင်းဖြစ်စဉ် သည် ကင်ဆာဗီဇ ဆဲလ်များကို ဖျက်ဆီးပစ်သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ဆဲလ်များအတွင်း မျိုးဗီဇများ ဆက်သွယ်ခြင်းကို ဒီအင်န်အေပစ္စည်း များက ထိန်းချုပ် ကူညီသည့်အတွက် ကင်ဆာရော ဂါ ဝေဒနာရှင်များ အားရတက်မအေး စရာလည်း ဖြစ် သည်ဟုLinus Pauling တက္ကသိုလ် တွဲဖက်ပါမောက္ခ အီမလီဟို (Emily Ho) ကပြောသည်။ ဒီအင်န်အေမီ သိုင်းလေးရှင်းဖြစ်စဉ်နှင့် HDAC ကန့်သတ်တားမြ စ်ခြင်းဖြစ်စဉ်နှစ်ခုလုံးကို ပန်းဂေါ်ဖီ၏ ဆယ်လ်ဖိုရာဖိန်းက လွှမ်းမိုးနိုင်ပြီး သင့်လျော်သောဆဲလ် လုပ်ငန်းများ တစ်ခုနှင့်တစ်ခု ထိန်း၍ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ အာဟာရဗေဒပညာရှင် ထရီဆာဘိုစီ(Teresa Boyce)၏ ပြောကြား မှုကိုNew Comau က ဖော်ပြ သည်။ ယင်းဖြစ်စဉ်နှစ်ခုသည် တစ်ခုနှင့်တစ်ခုချိတ် ဆက်ဆောင် ရွက်ခြင်း ဖြစ်ေ ကြာင်းသူမ က ပြောဆို သည်။ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက် များသည်သာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်သည် မဟုတ်ပါ။ ချင်းတက်(ဂျင်း)သည် နာတာရှည်ဆီးချို၊ သွေးချိုဝေဒနာ ရှင်များအား ဒုက္ခပေးသည့်သွေးထဲရှိ သကြားဓာတ် ပမာဏ မြင့်တက် လာခြင်းကိုလည်း ထိန်းထားပေးသည့် စွမ်းရည်ရှိေ ကြာင်း တွေ့ရသည် ။ ယေဘုယျအားဖြင့် အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက် များကို ပို၍စား သုံးခြင်း သည် ကင်ဆာရောဂါဖြ စ်နိုင်ခြေ လျော့ နည်းကျဆင်းစေနိုင်ကြောင်း၊ ကင်ဆာဖြစ်စေသည့်ဆဲလ်များ မှားယွင်းစွာ ရှင်သန်ကြီးထွားမှု ကို တားဆီးပေးနိုင်သောကြောင့်ဖြစ်သည်ဟု သူမက ပြောဆိုသည်။ ဗီတာမင် စီနှင့် ဖော်လစ် တို့ကဲ့သို့သော ဗီတာမင်များသည် အပူကြောင့် ပျက်စီးနိုင်သည့်အတွက် ဗီတာမင်များစွာ ပါသည့် အစိမ်းရောင် ဟင်းသီး ဟင်းရွက် များကို အပူအနည်းငယ်သာပေးပြီး (သို့) မကျက်တကျက် ခပ်စိမ်း စိမ်း ချက်ပြုတ်စားသောက်ခြင်း သည်သာ အကောင်းဆုံြး ဖစ်ကြောင်း သူမက ထပ်လောင်းပြောကြားသည်။ (အင်တာနက်)
ဘာသာပြန် - မောင်ဇော်

No comments: