Monday, August 20, 2012

** နိုင်ငံပေါင်း ၃ဝ သို့ ရောင်းချခဲ့ရသည့်ရိန်း၏ အက်ရှင်ဇာတ်ကား**


နာမည်ကျော်ကိုရီးယားအဆိုတော်သရုပ်ဆောင်မင်းသား ရိန်း၏ အက်ရှင် ဇာတ်ကားသစ်ဖြစ်သည့် R2B: Return to Base ဇာတ်ကာားသည် ပြည်ပနိုင်ငံများ၏ အထူးအားပေးနှစ်သက်ခြင်းခံရပြီး နိုင်ငံပေါင်း ၃ဝသို့ ရောင်းချခဲ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ အဆိုပါဇာတ်ကား၏ ပြည်တွင်းဖြန့်ချိရေး ကုမ္ပဏီ CJဲ ကသတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာရာ၌ရိန်း၏အက်ရှင်ဇာတ်ကားကို ဥရောပနှင့် အာရှနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃ဝ သို့ ကြိုတင်ရောင်းချ ခဲ့ရသည်ဟု ဆိုသည်။အဆိုပါကုမ္ပဏီက ရှင်းလင်းပြောကြားရာတွင် ရိန်း၏ဒေသ တွင်း အောင်မြင်ကျော်ကြားမှုကြောင့် အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ ထိုင်ဝမ်၊စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံများတွင် ကြိုတင်ရောင်းချခဲ့ရသကဲ့သို့ ဥရောပနိုင်ငံများဖြစ်သည့် အင်္ဂလန်၊ ပြင်သစ်၊ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် ဆွစ်ဇာလန် နိုင်ငံတို့ကလည်း စိတ်ဝင်စားစွာဖြင့်ကြိုတင်ဝယ်ယူခဲ့ကြသည်ဟုဆိုသည်။ R2B: Return to Base ဇာတကားတွင် မင်းသားရိန်းနှင့် အတူ ပြHusband Got a Family ဇာတ်လမ်းတွဲမှ မင်းသားယိုဂျန်ဆန်နှင့် မင်းသမီး ရှင်ဆီဂျောင်းတို့ကအဓိက ပါဝင်သရုပ်ဆောင်ပြီး ကိုရီးယားကျွန်းဆွယ် စစ်ပွဲကာလအတွင်းက တိုက်လေယာဉ်မှူးများ၏ အချစ်နှင့်ဘဝကို ပုံဖော်ရိုက်ကူးတင်ပြထားခြင်းဖြစ်သည်။ယင်းဇာတ်ကားကို ကိုရီးယားနိုင်ငံတွင် သြဂုတ် ၁၅ ရက်ကစတင်ပြသနေပြီဖြစ်သည်။ ပြည်ပနိုင်ငံများအတွက် ယင်းဇာတ်ကားကို အင်္ဂလိပ်၊ဂျပန်နှင့် တရုတ်စာတန်းထိုးဖြင့် ဖြန့်ချိ ထားသည်။ (အင်တာနက်)

No comments: