Tuesday, August 21, 2012

လားရှိုးမြို့တွင် အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပေါ်နေပြီး သေဆုံးမှုများရှိနေသော်လည်း တပ်မတော်တစ်ခုတည်းကသာ သက်စွန့်ဆံဖျား ကယ်ဆယ်ရေးတွေလုပ်နေရ

လားရှိုးမြို့တွင် အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပေါ်နေပြီး သေဆုံးမှုများရှိနေသော်လည်း တပ်မတော်တစ်ခုတည်းကသာ သက်စွန့်ဆံဖျား ကယ်ဆယ်ရေးတွေလုပ်နေရကြောင်း သတင်းရရှိသည်။

လားရှိုးမြို့အ၀င် ပြည်ထောင်စု လမ်းမကြီးပေါ်နှင့် မြေနိမ့်ပိုင်းကျသော ရပ်ကွက် များသို့ရေ၀င်ရောက်မှုများ ရှိခဲ့ရာလူနေအိမ်များမှ ပစ္စည်းများ ရေစီးနှင့် မျောပါခြင်း၊ အိမ်အချို့ပြိုကျခြင်း၊ အုတ်တံတိုင်းများ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ လားရှိုးမြို့ ရပ်ကွက် (၁)၊ နယ်မြေ (၇)အတွင်းရှိ နေအိမ် ၅၀ လုံး၊ နယ်မြေ (၉)အတွင်းရှိ နေအိမ် ၅၅ လုံး၊ ရပ်ကွက် (၁၂) အတွင်းရှိ နေအိမ် ၆၀ လုံးခန့် ရေနစ်မြုပ်ခဲ့ကြောင်း သိရှိရသည်။ ကားလမ်းရေကျော်မှုကြောင့် ယာဉ်ကြီး/ငယ်များ ဖြတ်သန်းသွာလာမှု ခေတ္တ ပိတ်ထားခဲ့ရပြီး ပြည်သူများအဆင်ပြေသွားလာရေးအတွက် တပ်မတော်မှ အဓိကပံ့ပိုးကူညီမှုများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

လာရှိုးမြို့တွင်ဖြစ်ပေါ်ခဲ့သောရေကြီးမှုမှာ သြဂုတ်လ၂၀ရက်နေ့ မွန်းလွဲ၁နာရီခန့်တွင် ရေများပြန်လည် ကျဆင်း သွားပြီ ဖြစ်ကြောင်းနှင့်အိမ်ထဲတွင် ပိတ်မိနေသော၊သက်ကြီးရွယ်အိုများ၊ ကျမ်းမာရေး မကောင်းသူများနှင့်ကလေး သူငယ်များကို တပ်မတော်သားများနှင့် အခြားဌာန ဆိုင်ရာဝန်ထမ်းများက ကြိုးများဖြင့်ဆွဲ၍ ကယ်ဆယ်ပေးခဲ့ ကြောင်း လားရှိုးမြို့ရှိဒေသခံတစ်ဦးက The Voice Weekly သို့ဆက်သွယ်ပြောကြားသည်။

သြဂုတ်လ ၁၉ ရက်က ဖြစ်ပေါ်ခဲ့သော ရေကြီးမှုကြောင့် လူလေးဦး မျောပါခဲ့ရာ သုံးဦးသာ ပြန်လည် ဆယ်ယူနိုင်ခဲ့ကြောင်းလည်း ၎င်း၏ ပြောကြားချက် အရ သိရသည်။
မိုးများသည်းထန်စွာရွာပြီး သြဂုတ်လ ၁၉ ရက်နေ့တွင် တောင်ကျရေများအရှိန်ပြင်းစွာ စီးဆင်းလာမှုကြောင်း လူနေအိမ်အချို့  ရေမြှုပ်ခြင်း၊ပစ္စည်းများ မျောပါခြင်းများ ဖြစ်ခဲ့ပြီး အုတ်တံတိုင်း အချို့ မှာလည်းပြိုကျ ပျက်စီးခဲ့ခြင်းများ ရှိခဲ့ကြောင်း လားရှိုးမြို့ ခံများထံမှ သိရှိရသည်။

“ဒါမျိုး လားရှိုးမှာ တစ်ခါမှ မဖြစ်ဖူးဘူး။ တောင်ကျရေတွေ ကျလာလည်းဒီလောက်အထိ များစရာအကြောင်း မရှိဘူး။ ကျွန်တော်တို့ အထင်တော့ မိုးရေတွေများလာပြီး နန့်ဆန် ဆည် ကျိုးမှာဆိုးလို့ ဖောက်ထုတ်လိုက်တယ် ထင်တယ်” ဟုရပ်ကွက် (၁) တွင် နေထိုင်သူ အမျိုးသား တစ်ဦးက ဆိုသည်။

“အခုက ဌာနဆိုင်ရာ အကုန်လုံးက ကယ်ဆယ်ရေးတွေ လုပ်နေတယ်။ ဒုက္ခသည်တွေကတော်တော်များတယ်။ အကုန်လုံးကိုတော့ ထမင်းထုပ်ဝေတယ်” ဟုလားရှိုးမြို့ခံကပြောသည်။လူအသေ အပျောက် စာရင်း နှင့် ဒုက္ခသည်များစာရင်း ကို တရားဝင်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လွန်ခဲသောနာရီပိုင်း ကလားရှိုး မြို့နှင့်မူဆယ်မြို့ကြား အေတီတံတားချောင်း၌ ယခင်က ကုန်တင်ကားများကိုဖြတ်သန်းခွင့်ပြုခဲ့သော်လည်း ယခုအချိန်တွင် ဖြတ်သန်းခွင့် မပြုတော့ကြောင်း၊ ရေမှာကုန်တင်ကားများ သွားနိုင်သည့်အနေအထားထက်ကျော် လွန်နေသောကြောင့်ဖြစ်ကြောင်း လားရှိုးမြို့ ဒေသခံများက ရှင်းပြကြသည်။

တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်ရာလမ်းမကြီး ဖြစ်သော မန္တလေး - မူဆယ် လမ်းမကြီးသည်လည်း လားရှိုးမြို့တွင် ရေ လွှမ်းမိုးနေသဖြင့် ယခုအခါကုန်တင်ကားကြီးများ သွား၍ မရတော့သောကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းလျက်ရှိကြောင်း လားရှိုး - မူဆယ် အထွက်တွင် ရပ်တန့်ထားသောကုန်တင်ကားမောင်သူများ ထံက စုံစမ်း သိရှိရသည်။

လာရှိုးမြို့တွင်ဖြစ်ပေါ်ခဲ့သောရေကြီးမှုမှာ သြဂုတ်လ၂၀ရက်နေ့ မွန်းလွဲ၁နာရီခန့်တွင် ရေများပြန်လည် ကျဆင်း သွားပြီ ဖြစ်ကြောင်းနှင့်အိမ်ထဲတွင် ပိတ်မိနေသော၊သက်ကြီးရွယ်အိုများ၊ ကျမ်းမာရေး မကောင်းသူများနှင့်ကလေး သူငယ်များကို တပ်မတော်သားများနှင့် အခြားဌာန ဆိုင်ရာဝန်ထမ်းများက ကြိုးများဖြင့်ဆွဲ၍ ကယ်ဆယ်ပေးခဲ့ ကြောင်း လားရှိုးမြို့ရှိဒေသခံတစ်ဦးက The Voice Weekly သို့ဆက်သွယ်ပြောကြားသည်။
























No comments: