တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ၁၂ ရက်အတွင်း တိုင်စာ ၄၀ ကျော်ရောက်
ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော တရားဥပဒေ
စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဖွဲ့စည်းပြီး ၁၂ ရက်အကြာ
ဒေသပေါင်းစုံမှ တိုင်ကြားစာ ၄၀ ကျော် ရောက်ရှိလာကြောင်း
ယင်းကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
“အကြမ်းဖျင်း ပြောရရင် တရားရေးဌာန၊ အုပ်ချုပ်ရေးဌာန၊ လယ်ယာမြေနဲ့ ပတ်သက်တဲ့ တိုင်စာတွေပါ”ဟု ၎င်းကဆိုသည်။
တိုင်ကြားစာများနှင့် ပတ်သက်၍ တာဝန်ပိုင်းဆိုင်ရာများကို အဖွဲ့ဝင်များအား
ခွဲဝေပြီး ဖြစ်သော်လည်း ကော်မတီ၏ လုပ်ငန်းတာဝန်ပိုင်းအရ ပြင်ပသို့
ထုတ်ဖော်ပြောကြား၍ မရကြောင်း ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က
ရှင်းပြသည်။
ကော်မတီ၏ ပုံမှန်အစည်း အဝေးကို အပတ်စဉ်
ကြာသပတေးနေ့တိုင်း ပြုလုပ်မည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးအတွက်
ပုံမှန်လုပ်ဆောင်မှုများ၊ ရှေ့ပြေးလုပ်ဆောင်မှုများကိုလည်း လုပ်ဆောင်
သွားမည်ဖြစ်သည်။
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး
ကော်မတီကို သြဂုတ်လ ၇ ရက်တွင် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးဖြင့်
ဖွဲ့စည်းထားခဲ့သည်။
ref:7daynews
No comments:
Post a Comment